top of page

ကိုယ်ရေးအချက်အလက် လုံခြုံမှုမူဝါဒ

နောက်ဆုံးပြင်ဆင်ချက် - အောက်တိုဘာလ ၂၀၂၆

Exile Hub အနေနဲ့ သင့်ရဲ့ ကိုယ်ရေးအချက်အလက်လုံခြုံမှုအပေါ် လွန်စွာ တန်ဖိုးထားပြီး၊ ကိုယ်ရေး သတင်းအချက်အလက်တွေကို သတိကြီးကြီးနဲ့ ကိုင်တွယ်လေ့ရှိပါတယ်။ အထူးသဖြင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများနဲ့ ကျွန်မတို့နဲ့ လက်တွဲအလုပ်လုပ်နေသူတွေရဲ့ ဘေးကင်းလုံခြုံရေးနဲ့ ကိုယ်ရေးလျှို့ဝှက်ချက်တွေ အထူးဂရုပြုပါတယ်။

ကျွန်မတို့ ကောက်ခံတဲ့ သတင်းအချက်အလက်တွေ

ကျွန်မတို့ရဲ့ ဆက်သွယ်ရန်ဖောင်ပုံစံ၊ အီးမေးလ် အသွားအလာ၊ သတင်းလွှာရယူမှုတို့ကနေတဆင့် သင်ပေးပို့လာတဲ့ သင့်အမည်၊ အီးမေးလ် လိပ်စာ၊ မတ်ဆေ့ချ် စတာတွေမှာပါလာတဲ့ ကိုယ်ရေးသတင်းအချက်အလက်တွေကို ကောက်ခံတာမျိုး ရှိနိုင်ပါတယ်။ ကျွန်မတို့ရဲ့ ဝဘ်ဆိုဒ်ကနေလည်း ကွတ်ကီးနဲ့ အခြားအလားတူ နည်းပညာများသုံးပြီးတော့ နည်းပညာ သတင်းအချက်အလက် ကောက်ယူတာလည်း ရှိတတ်ပါတယ်။

သတင်းအချက်အလက်များ အသုံးပြုပုံ

စုံစမ်းမေးမြန်းမှုတွေကို ဖြေဆိုဖို့၊ မိတ်ဖက်များ၊ အားပေးကူညီသူများနဲ့ ဆက်သွယ်ဖို့၊ တောင်းဆိုမှုအလိုက် နောက်ဆုံးပေါ် ကိစ္စရပ်များ မျှဝေဖို့ စတာတွေအတွက် ဒီသတင်းအချက်အလက်တွေကို အသုံးပြုပါတယ်။ ဝဘ်ဆိုဒ် လည်ပတ်နိုင်ဖို့နဲ့ အဆင့်မြှင့်တင်ဖို့လည်း အသုံးပြုပါတယ်။

သတင်းအချက်အလက်တွေကို ဘယ်လိုကာကွယ်ပြီး ဘယ်လိုမျှဝေလဲ

သင့်တော်တဲ့ ရည်ရွယ်ချက်အတွက်သာ ကိုယ်ရေးသတင်းအချက်အလက်များကို အသုံးပြုဖို့ ကန့်သတ်ထားပြီး လိုအပ်မျှသာ မျှဝေမှု ပြုပါတယ်။ ဒီနေရာမှာလည်း ဝဘ်ဆိုဒ် ထိန်းသိမ်းရေးပိုင်း ကူညီပေးနေတဲ့ ဝန်ဆောင်မှုပေးရေးအဖွဲ့တွေနဲ့ အလုပ်လုပ်တဲ့အခါမျိုး၊ ဥပဒေအရ လိုက်နာဖြည့်ဆည်းပေးဖို့ လိုအပ်တာမျိုးကျမှသာ ဖြစ်ပါတယ်။ ဝဘ်ဆိုဒ်လာရောက်ဖတ်ရှုသူတွေကို ယေဘုယျ ဆက်သွယ်ရေး ဖောင်ပုံစံ ဖြည့်စွက်ခိုင်းပြီး အကဲဆတ်တဲ့ ကိုယ်ရေးအချက်အလက်၊ လုံခြုံရေး အချက်အလက်တွေ တောင်းခံတာမျိုး လုပ်လေ့မရှိပါ။

သင့်ရပိုင်ခွင့်

သက်ဆိုင်ရာ ဥပဒေအလိုက် သင့်အနေနဲ့ သင့်ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်များကို ရယူခြင်း၊ ပြင်ဆင်ခြင်း၊ ဖျက်ဆီးပေးရန် တောင်းဆိုခြင်းတို့ကို ပြုလုပ်ခွင့်ရှိပြီး၊ တချို့လုပ်ငန်းစဉ်တွေ မလုပ်ဖို့ ကန့်ကွက်တာ၊ အခြားသော ဒေတာကာကွယ်ရေး ရပိုင်ခွင့်များ ကျင့်သုံးတာတွေလည်း လုပ်လို့ရပါတယ်။

bottom of page