top of page
Captura de pantalla 2024-04-26 a les 2.10.56 (1).png

လူ့အခွင့်အရေး တိုက်ပွဲဝင်နေသူများဟာ မကြုံစဖူး ဘေးအန္တရာယ်များနဲ့ ရင်ဆိုင်နေကြရပါတယ်

လူ့အခွင့်အရေး တိုက်ပွဲဝင်နေသူတွေကို ရန်သူအာဏာရှင်များက ဖိနှိပ်တဲ့အခါမှာ ၎င်းတို့အတွက် ကူညီဖေးမမယ့်သူ မရှိတော့ဘူးလို့ ခံစားရအောင်လုပ်ပါတယ်။ ရည်ရွယ်ချက်ကတော့ သူတို့အနေနဲ့ ကိုယ်စိတ်နှလုံး ချုံးချုံးကြပြီး ဒီတိုက်ပွဲမှာ လက်လျှော့သွားစေချင်တာပါပဲ။ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေကြသူတွေကို အကာအကွယ်ပေးခြင်းအားဖြင့် လွတ်လပ်မှု၊ အမှန်တရားနဲ့ ဂုဏ်သိက္ခာတို့ကို သူတို့ အနေနဲ့ လက်လှမ်းမီစေမှာ ဖြစ်ပါတယ်။

လူ့အခွင့်အရေး တိုက်ပွဲဝင်နေသူတွေကို ဘေးကင်းလုံခြုံစွာနဲ့ နေထိုင်နိုင်အောင်၊ သူတို့ လုပ်စရာရှိတောတွေ ဆက်လုပ်နိုင်အောင်နဲ့ ကွန်ယက်ချိတ်ဆက်မှုတွေ ပိုမို အားကောင်းလာအောင် ကူညီပံ့ပိုးပေးခြင်းအားဖြင့် သူတို့အနေနဲ့ ရေရှည် တိုက်ပွဲဝင်နိုင်မှာ ဖြစ်ပါတယ်။

Exile Hub အနေနဲ့ မြန်မာနိုင်ငံက သတင်းထောက်တွေ၊ မီဒီယာသမားတွေ၊ တီထွင်ဖန်တီးသူတွေနဲ့ ထွန်းသစ်စ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေ အပါအဝင် လူ့အခွင့်အရေး တိုက်ပွဲဝင်နေသူအားလုံးအတွက် ဘက်ပေါင်းစုံကနေ ထောက်ပံ့ကူညီပေးလျက် ရှိပါတယ်။ ဒီလိုကူညီရာမှာ ၎င်းတို့ လက်ငင်းရင်ဆိုင်နေရတဲ့ ဘေးဒုက္ခတွေကို ကူညီဖြေရှင်းပေးခြင်းအားဖြင့် ၎င်းတို့ အလုပ်ကို တတ်နိုင်သမျှ စိတ်အေးလက်အေး လုပ်ဆောင်နိုင်စေရန်၊ ၎င်းတို့ လုပ်ငန်း အသိပညာနဲ့ အချိတ်အဆက်တွေ တိုးပွားလာစေရန် အတွက်လည်း ကူညီဆောင်ရွက်ပေးလျက် ရှိပါတယ်။

ကျွန်ုပ်တို့ရဲ့ အလုပ်ကတော့ လူ့အခွင့်အရေး တိုက်ပွဲဝင်နေသူများ၏ လက်ငင်း လိုအပ်ချက်များကို ကူညီဖြေရှင်းပေးရင်း ရေရှည်မှာ ၎င်းတို့ ဆက်လက်တိုက်ပွဲဝင်နိုင်ရေး၊ စဉ်ဆက်မပြတ် လေ့လာနိုင်ရေးနှင့် ကွန်ယက်ချိတ်ဆက်မှုများ တိုးပွားလာစေရေးတို့ အတွက် ကူညီဆောင်ရွက်ပေးရန် ဖြစ်ပါတယ်။

အကာအကွယ်နှင့် အကူအညီ

အရေးပေါ် အကူအညီ၊ ဘေးကင်းရေးနှင့် လုံခြုံရေး ပံ့ပိုးမှု၊ ခိုလှုံစရာ ဂေဟာများ ဖြည့်ဆည်းပေးခြင်း၊ စိတ်ကျန်းမာရေးနှင့် စိတ်လူမှုဆိုင်ရာ ကူညီပံ့ပိုးမှု။

သင်တန်းနှင့် စွမ်းရည်မြှင့်တင်ရေး

လူ့အခွင့်အရေးတိုက်ပွဲဝင်နေသူတွေ ရေရှည်တိုက်ပွဲဝင်နိုင်ဖို့နဲ့ လုပ်ငန်းကျွမ်းကျင်မှု အားကောင်းလာစေဖို့အတွက် အထောက်အကူဖြစ်စေမယ့် ကျွမ်းကျင်မှုဖွံ့ဖြိုးရေး၊ အသက်မွေးလုပ်ငန်းပိုင်း လေ့လာသင်ယူရေးနှင့် အခြား အခွင့်အလမ်းများ

သုတေသနနှင့် လေ့လာသင်ယူမှု

ပိုမိုကောင်းမွန်တဲ့ ထောက်ပံ့ကူညီမှု၊ ဇာတ်လမ်းတင်ဆက်မှုနှင့် ဆော်ဩမှုတို့ ဖြစ်ထွန်းလာစေမယ့် အစုအဖွဲ့အသိသညာ၊ သုတေသနနှင့် လေ့လာသင်ယူမှု

fellowshipများနှင့် အသိုင်းအဝိုင်း

လူ့အခွင့်အရေး တိုက်ပွဲဝင်နေသူများ ရှေ့ဆက်တိုက်ပွဲဝင်နိုင်ရေးအတွက် fellowshipများနဲ့ အခြားဆက်စပ် ဘဏ္ဍာရေး၊ ကျွမ်းကျင်မှုပိုင်းနဲ့ အဘက်ဘက်မှ ဆန်းသစ်တီထွင် ပံ့ပိုးမှု မျိုးစုံ

Captura de pantalla 2024-04-26 a les 2.19.20 (1).png

သက်ရောက်မှုတိုင်းဟာ စစ်မှန်တဲ့ အပြောင်းအလဲကို မောင်းနှင်တယ်

လူ့အခွင့်အရေး တိုက်ပွဲဝင်သူများ ဘေးကင်းစွာ နေထိုင်နိုင်ရေး၊ ဆက်လက် တိုက်ပွဲဝင်နိုင်ရေး၊ မြန်မာနိုင်ငံ အရပ်ဘက်နှင့် စာနယ်ဇင်း နယ်ပယ်များမှာ ဆက်လက် အကျိုးပြုနိုင်ရေး စတဲ့နေရာတွေမှာ Exile Hub ရဲ့ ကြိုးစား အားထုတ်မှုကို မြင်တွေ့နိုင်ပါတယ်။ လက်တွေ့ကျတဲ့ ပံ့ပိုးကူညီမှု၊ လုပ်ငန်းကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အချိတ်အဆက်ရရှိရေး စသည်တို့ အားဖြင့် ကျွန်ုပ်တို့ အနေနဲ့ လူ့အခွင့်အရေး တိုက်ပွဲဝင်နေသူတွေကို အခြေအနေနဲ့ လိုက်လျောညီထွေ နေထိုင်ရေး၊ ဆက်လက် တိုက်ပွဲဝင်နိုင်ရေးတို့ အတွက် ကူညီပေးလျက်ရှိပါတယ်။

​

ဒီလို ကူညီဆောင်ရွက်ပေးခြင်းအားဖြင့် ကွန်ယက်ချိတ်ဆက်မှု၊ အသိပညာ မျှဝေမှု၊ စုပေါင်း ခေါင်းဆောင်မှုတို့ကို အားကောင်းစေပြီး၊ လူ့အခွင့်အရေး တိုက်ပွဲဝင်သူများနဲ့ လွတ်လပ်သော သတင်းမီဒီယာများအတွက် ကြံ့ခိုင်မှု ပိုမိုအားကောင်းတဲ့ ဂေဟစနစ်တစ်ရပ် ပေါ်ထွန်းလာစေပါတယ်။

800

၂၀၂၅ ခုနှစ် အတွင်း တိုက်ရိုက်ပံ့ပိုးမှု ပြုလုပ်ခဲ့သည့် အကြိမ်ရေ

361 

၂၀၂၅ ခုနှစ် အတွင်း ခိုလှုံရာ ဂေဟာရရှိခဲ့သော လူ့အခွင့်အရေး တိုက်ပွဲဝင်သူများ

375

၂၀၂၅ ခုနှစ် အတွင်း သင်တန်းအစီအစဉ်များ တက်ရောက်ခဲ့ကြသော လူ့အခွင့်အရေး ကာကွယ်သူများ

ကျွန်မတို့ သတင်းမရေးရင် အမှန်တရား ပျောက်ကွယ်သွားလိမ့်မယ်။ ဒါ ဘက်လိုက်တာ မဟုတ်ပါဘူး။ ဒုက္ခခံခဲ့ရတဲ့သူတွေရဲ့ အကြောင်းကို အရှိအတိုင်း၊ ဂုဏ်သိက္ခာရှိရှိ၊ လေးစားသမှု ရှိရှိနဲ့ တင်ဆက်တာပဲ ဖြစ်ပါတယ်။

သတင်းထောက်နှင့် Exile Hub ၏ Critical Voices Fellowship 2026 ပါဝင်သူ ဒေါ်မြတ်မိုးသူ။

အကြောင်းအရာသစ်များ

နှင့် ဇာတ်လမ်းများ

လုပ်ငန်းများ ရှေ့ဆက်လျက်ရှိပါသည်။ Exile Hub မှ တင်ဆက်ပေးနေသည့် ဇာတ်လမ်းများ၊ အတွေးအမြင်များနှင့် အချိန်နှင့် တပြေးညီ သတင်းများကို ဤတွင်ကြည့်ရှုပါ။ Exile Hub လက်တွဲလုပ်ကိုင်လျက်ရှိသည့် သက်ဆိုင်ရာ အစုအဖွဲ့များ။

No posts published in this language yet
Once posts are published, you’ll see them here.

ယှက်နွယ်နေသော ကွန်ရက်များ၊
ပိုမိုအားကောင်းသော ဂေဟစနစ်များ

လူ့အခွင့်အရေး တိုက်ပွဲဝင်နေသူတွေကို ကျွန်မတို့ရဲ့ ယုံကြည်စိတ်ချရတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပေးခြင်းဖြင့် သူတို့ လိုအပ်တဲ့ ထောက်ပံ့ကူညီမှု၊ ကျွမ်းကျင်မှုနဲ့ အခွင့်အလမ်းတွေ ရရှိစေတဲ့ အပြင် သူတို့ အလုပ်လုပ်ကိုင် ဆောင်ရွက်ရတဲ့ ဂေဟစနစ်ကြီးတစ်ခုလုံး အားကောင်းလာစေဖို့အတွက်ပါ ကူညီပေးလျက်ရှိပါတယ်။

bottom of page