top of page

အသုံးပြုနိုင်မှုဆိုင်ရာ ထုတ်ပြန်ချက်

Exile Hub အနေနဲ့ ဝဘ်ဆိုဒ်ကို လွယ်လင့်တကူ အသုံးလို့ရနိုင်စေဖို့ အထူးအားထုတ်လျက်ရှိပြီး၊ မသန်စွမ်း ပုဂ္ဂိုလ်များ အပါအဝင် လူများနိုင်သမျှ များများ လာရောက်အသုံးပြုနိုင်ဖို့ပါ ကြိုးစားလျက်ရှိပါတယ်။

​

ဝဘ်ဆိုဒ်ပါ အကြောင်းအရာကို ရိုးရိုးရှင်းရှင်းရေးသားတင်ဆက်ခြင်း၊ ဖတ်ရလွယ်ကူတဲ့ စာလုံးဖောင့်ကို အသုံးပြုခြင်း၊ သင့်တော်တဲ့ အရောင်ခြယ်မှုန်းမှု၊ ပေါ်လွင်တဲ့ အလှစာလုံး၊ စာရိုက်လက်ကွက်နဲ့ ကောင်းစွာ အသုံးပြုနိုင်ခြင်း၊ စက်အမျိုးမျိုးပေါ်မှာ ဖတ်ရှုအသုံးပြု၍ ရစေခြင်းတို့ဖြင့် အများပြည်သူ လွယ်ကူစွာ အသုံးပြုနိုင်အောင် စီစဉ်ထားပါတယ်။

​

ဝဘ်ဆိုဒ်ရဲ့ အချို့အစိတ်အပိုင်းတွေကတော့ လွယ်လင့်တကူအသုံးပြုနိုင်ရေး နှုန်းစံများကို အပြည့်အဝ မလိုက်နိုင်သေးဘူးဆိုတာ ဝန်ခံပါတယ်။ ဒီအတွက် ဝဘ်ဆိုဒ်ကို အမြဲတစေ ကြည့်ရှုပြီး အဆင့်မြှင့်တင်တဲ့ အလုပ်ကို အမြဲမပြတ် ဆောင်ရွက်လျက်ရှိပါတယ်။

တကယ်လို့ သင့်အနေနဲ့ လွယ်လင့်တကူ မသုံးနိုင်ဘဲ အခက်အခဲတွေ တွေ့နေရတယ်၊ အခြားပုံစံတစ်မျိုးနဲ့ သတင်းအလက်အချက်တွေ လိုအပ်တယ်ဆိုရင် ဆက်သွယ်ရန် စာမျက်နှာကနေ ကျွန်မတို့ဆီ ဆက်သွယ် ပြောကြားနိုင်ပါတယ်။ ဝဘ်ဆိုဒ်ကို ပိုမိုလွယ်ကူစွာ အသုံးပြုနိုင်ရေးအတွက် အထောက်အကူဖြစ်စေမယ့် ဝေဖန်အကြံပြုချက်များအားလုံးကို ကြိုဆိုပါတယ်။

bottom of page