
ကျွန်ုပ်တို့၏ လုပ်ငန်းများ
အကာအကွယ်နှင့် အကူအညီ
လူ့အခွင့်အရေး တိုက်ပွဲဝင်နေကြသူတွေ အနေနဲ့ ကြီးမားလှတဲ့ အန္တရာယ်တွေ အံတုရင်း၊ ထောက်လှမ်းစောင့်ကြည့်မှု၊ ဥပဒေကြောင်းအရ အာမခံချက် မရှိမှု၊ စိတ်ဒဏ်ရာ ခံစားရမှုတွေ၊ ငွေကြေးအပိုဆောင်ထားစရာ မရှိတဲ့ အခြေအနေ၊ ကိုယ့်မိသားစု၊ ကိုယ့်ရပ်ရွာနဲ့ ခွဲခွာပြီး နေရတဲ့ အခြေအနေတွေကြားကပဲ ဆက်လက် တိုက်ပွဲဝင်နေကြရတာ ဖြစ်ပါတယ်။ အကာအကွယ်ပေးရေးဟာ ကျွန်မတို့ လုပ်ငန်းရဲ့ အခြေခံဖြစ်တယ်ဆိုပေမယ့် ရုပ်ပိုင်း၊ စိတ်ပိုင်း ဘေးကင်းလုံခြုံရေး လောက်နဲ့ပဲ ဘောင်ခတ်မထားပါဘူး။
ကျွန်မတို့ ပြုလုပ်ပေးတဲ့ အကာအကွယ်ပေးရေး လုပ်ငန်းမှာ အဆင့်ဆင့်ရှိပြီးတော့ ဖြစ်စဉ်အလိုက်၊ ပြောင်းလဲနေတဲ့ အခြေအနေ အလိုက် တုံ့ပြန်ကူညီနိုင်အောင် ကြိုးစားထားပါတယ်။ ဒီလုပ်ငန်းစဉ်မှာ လျှက်တပြက် ဆန်းစစ်မှု၊ ဂရုတစိုက် ညှိနှိုင်းဆောင်ရွက်မှုနဲ့ အစုအဖွဲ့များ၊ မိတ်ဖက်အဖွဲ့များကြား စိတ်ချ ယုံကြည်ရတဲ့ ဆက်ဆံရေးတွေအပေါ်မှာ အားကိုးဆောင်ရွက်ပါတယ်။
အရေးပေါ် ပံ့ပိုးကူညီမှု
ရုတ်တရက် ဘေးအန္တရာယ်နဲ့ တွေ့ကြုံရတဲ့အခါမျိုးမှာ အချိန်မီ၊ စိတ်ချယုံကြည်ရတဲ့ ပံ့ပိုးကူညီမှုပေးနိုင်မယ်ဆိုရင် အန္တရာယ်ကို စောင့်ကြည့်ထောက်လှမ်းနိုင်မယ့် ဘေးကင်းတဲ့ ခိုလှုံစရာ နေရာတစ်ခု ရနိုင်သလို၊ စိတ်ချရတဲ့ ကွန်ယက်နဲ့ ချိတ်ဆက်နိုင်ပြီး၊ နောက်ဘာဆက်လုပ်မလဲ စဉ်းစားနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုပံ့ပိုးကူညီရာမှာ တစ်ဦးချင်း အခြေအနေနဲ့ ရနိုင်တဲ့ အရင်းမြစ်တွေပေါ် မူတည်ပြီး ဘေးကင်းစွာ ခိုလှုံရမယ့် ဂေဟာ တစ်ခု၊ ဆေးဝါးအကူအညီ၊ လုံခြုံရေးနဲ့ ဘေးကင်းရေး သင်တန်း၊ အရေးပေါ် အထောက်အပံ့နဲ့ လမ်းညွှန်မှုတွေကို ထည့်သွင်းပေးနိုင်ပါတယ်။

သင်တန်းနှင့် စွမ်းရည်မြှင့်တ င်ရေး
အကျပ်အတည်းကာလကို အချိန်ကြာမြင့်စွာ ဖြတ်သန်းကြရတဲ့အခါ တိုက်ပွဲ ခါးဆက်မပြတ်စေဖို့ရာ အတွက် လုပ်ငန်းကျွမ်းကျင်မှု အမြဲတစေ တိုးတက်နေစေဖို့ လိုပါတယ်။ လူ့အခွင့်အရေး တိုက်ပွဲဝင်သူတွေနဲ့ သတင်းမီဒီယာသမားတွေ ကိုယ့်ကျွမ်းကျင်မှု တိုးတက်စေရေး၊ အမြဲ ပြောင်းလဲနေတဲ့ အခြေအနေတွေမှာ လိုက်လျောညီထွေ နေနိုင်ရေးနဲ့ သက်ဆိုင်ရာ နယ်ပယ်မှာ ဆက်လက် လှုပ်ရှားနိုင်စေရေး အတွက် Exile Hub အနေနဲ့ အခွင့်အလမ်းတွေ ဖန်တီးပေးလျက်ရှိပါတယ်။
ပိုးကူညီမှုမှာ သုတေသန၊ စိစစ်မှုနဲ့ စုံစမ်းဖော်ထုတ်ရေး နည်းလမ်းများ၊ ဒစ်ဂျစ်တယ် အခြေခံအသိပညာနဲ့ လုံခြုံရေး၊ ပေါ့ကတ်စ် ထုတ်လုပ်ခြင်းနဲ့ အခြား ဇာတ်လမ်းတင်ဆက်ရေး ပုံစံများ၊ ဘေးကင်းရေးနဲ့ လုံခြုံရေး သင်တန်းများ၊ အသက်မွေး ဝမ်းကျောင်း ပညာ၊ ဘာသာစကားတိုးတက်ရေး၊ အနီးကပ် သင်ကြားမှု စတာတွေ အပြင် fellow များနဲ့ မိတ်ဖက်များက သက်ဆိုင်ရာ ပြောင်းလဲလျက်ရှိတဲ့ နယ်ပယ်အလိုက် လိုအပ်တယ်လို့ သတ်မှတ်ထားတဲ့ ကျွမ်းကျင်မှုများလည်း ပါဝင်ပါတယ်။
လူ့အခွင့်အရေး တိုက်ပွဲဝင်သူများ အတွက် ဖန်တီးထားတဲ့ ပံ့ပိုးကူညီမှုစနစ်များမှာ စွမ်းရည်မြှင့်တင်ရေးကိစ္စကိုလည်း တိုးချဲ့ ထည့်သွင်းထားပါတယ်။ ကျွမ်းကျင်အဖွဲ့အစည်းများ၊ လက်တွေ့ ဆောင်ရွက်နေသူများနဲ့ လက်တွဲပြီးတော့ Exile Hub ကနေ သင်တန်းပြုလုပ်ပေးလျက်ရှိပြီးတော့ ဒီသင်တန်းတွေကနေ စိတ်ကျန်းမာရေးနဲ့ စိတ်လူမှုပံ့ပိုးကူညီရေး ပညာရှင်များအတွက် စိတ်ဒဏ်ရာ ဂရုပြု၊ လိင်အုပ်စုသတိပြု ချဉ်းကပ်ဆောင်ရွက်ရေး နည်းလမ်းတွေကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ပေးပါတယ်။
ရည်ရွယ်ချက်က သင်တန်းပေးရုံသက်သက်မျှသာ မဟုတ်ဘဲ လူ့အခွင့်အရေး တိုက်ပွဲဝင်နေသူ ကိုယ့်အလုပ်ကိုယ်ကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်နိုင်စေဖို့၊ အချက်အလက် စုံလင်စွာနဲ့ ဆုံးဖြတ်နိုင်ဖို့၊ ကိုယ့်လုပ်နည်းလုပ်ဟန်ကို လိုက်လျောညီထွေ ဖြစ်အောင် ပြုပြင်ပြီး ကိုယ်ပါဝင်နေတဲ့ သက်ဆိုင်ရာ အစုအဖွဲ့နဲ့ လှုပ်ရှားမှုတွေမှာ ပြန်လည် အကျိုးပြုနိုင်စေဖို့ ရည်ရွယ်ပါတယ်။

သုတေသနနှင့် လေ့လာသင်ယူမှု
.png)
သုတေသနနဲ့ အစုအဖွဲ့ အသိပညာကြောင့် Exile Hub အနေနဲ့ အမြဲတစေ ပြောင်းလဲနေတဲ့ လိုအပ်ချက်တွေကို သိရှိနားလည်စေပြီး၊ ပံ့ပိုးကူညီမှုများ ပေးရာမှာ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်သလို၊ ကျယ်ပြန့်တဲ့ ဆွေးနွေးပွဲတွေမှာလည်း သတင်းစကားပေးပို့နိုင်စေပါတယ်။
ကျွန်မတို့ အဖွဲ့အစည်းမှာ မူရင်းအရင်းမြစ်တွေ၊ အသေးစိတ် အင်တာဗျူးတွေ၊ အချိန်နဲ့တပြေးညီရရှိတဲ့ ဒေတာတွေကို အစုအဖွဲ့လိုက် အသိပညာနဲ့ ကိုယ်တွေ့ အတွေ့အကြုံတွေနဲ့ ပေါင်းစပ် အသုံးပြုပါတယ်။
သုတေသနကြောင့် ကျွန်မတို့ အနေနဲ့ လူတွေ တကယ် အလုပ်လုပ်နေကြရတဲ့ ရုပ်ဝတ္ထုနဲ့ နိုင်ငံရေး အခြေအနေတွေ၊ လူ့အခွင့်အရေး တိုက်ပွဲဝင်သူတွေ ရင်ဆိုင်နေရတဲ့ ဘေးအန္တရာယ်တွေ၊ ပံ့ပိုးကူညီမှုတွေ အကျိုးထိရောက်မှု ရှိပြီး လိုက်လျောညီထွေ ရှိနေစေမယ့် နည်းနာတွေကို သိနားလည်ခွင့်ရပါတယ်။ သုတေသန လုပ်ငန်းစဉ်ကြောင့်လည်း ချိတ်ဆက်မှု၊ သွေးစည်းညီညွတ်မှုနဲ့ လှုပ်ရှားမှု အခြေခံ အဆောက်အအုံတွေကို တည်ဆောက်လာနိုင်ပါတယ်။
Exile Hub ရဲ့ လုပ်ဆောင်ချက်၊ ပူးပေါင်းဆောင်ရွက်မှုတွေကြောင့် ထွက်ပေါ်လာတဲ့ သုတေသန အစီရင်ခံစာ၊ သက်ရောက်မှု အစီရင်ခံစာနဲ့ အခြားသော အရင်းမြစ်များကို လေ့လာရန်။

fellowshipများနှင့် အသိုင်းအဝိုင်း
လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေနဲ့ သတင်းမီဒီယာ သမားတွေ အလုပ်ဆက်လုပ်နိုင်စေဖို့ အတွက် ကူညီရာ မှာ fellowshipတွေဟာ Exile Hub ရဲ့ ကျယ်ပြန့်တဲ့ ချဉ်းကပ်ဆောင်ရွက်နည်း တစုံလုံးရဲ့ အစိတ်အပိုင်း တစ်ရပ် ဖြစ်ပါတယ်။
fellowship အစီအစဉ်များမှာ ဘက်စုံချဉ်းကပ်မှုနည်းလမ်းကို အသုံးပြုထားပြီး ငွေကြေးထောက်ပံ့မှု၊ အနီးကပ် သင်ကြားမှု၊ လေ့လာသင်ယူရေး အခွင့်အလမ်းများ၊ မိတ်ဆွေချင်း မိတ်ဖက်ချင်း ကွန်ယက်များနဲ့ အရေးပေါ် အကူအညီလိုအပ်တဲ့အခါ တုံ့ပြန်ကူညီရေးတို့ကို ပေါင်းရုံး ထည့်သွင်းထားပါတယ်။
သက်ဆိုင်ရာ အစီအစဉ်ပေါ် မူတည်ပြီးတော့ fellowshipတွေဟာ ကျွမ်းကျင်မှု ဖွံ့ဖြိုးရေး၊ တီထွင်ဖန်တီးနိုင်မယ့် အခွင့်အလမ်းတွေနဲ့ မြန်မာနိုင်ငံ အရပ်ဘက်နဲ့ သတင်းမီဒီယာ ရပ်ဝန်းကို ဆက်လက် ကူညီနိုင်ဖို့ရာ ထောက်ပံ့ပေးမယ့် ပုံသဏ္ဌာန်မျိုးစုံ ပါဝင်ပါတယ်။
အဓိပ္ပါယ်ပြည့်ဝတဲ့ အပြောင်းအလဲ ပေါ်ထွန်းလာဖို့ဆိုရင် အခွင့်အလမ်း တစ်ခုထက်မက လိုအပ်ပါတယ်။ Exile Hub ရဲ့ fellowshipပေးအပ်တဲ့နည်းလမ်းဟာဆိုရင် အရေးပေါ် အကူအညီ လိုအပ်မှုတွေကိုရော ရေရှည် လုပ်ငန်းပိုင်းနှင့် တကိုယ်ရေ ဖွံ့ဖြိုးမှုတွေကိုပါ အထောက်အပံ့ ပြုလုပ်ပေးနိုင်ပါတယ်။


