
ကျွန်ုပ်တို့ အလုပ်လုပ်ပုံ
ကျ ွန်မတို့ အလုပ်လုပ်တဲ့အခါမှာ ရိုးရှင်းတဲ့ အခြေခံမူတစ်ရပ်ကို ဆုပ်ကိုင်ထားပါတယ်။ လူ့အခွင့်အရေး တိုက်ပွဲဝင်သူတွေအနေ ဆက်လက် တိုက်ပွဲဝင်နိုင်ရေးအတွက် ကူညီပေးတဲ့အခါမှာ သူတို့လုပ်ငန်း၊ သူတို့ အစုအဖွဲ့ ရေရှည် အကျပ်အတည်းကြားမှာ ဆက်လက် ရှင်သန်နိုင်ရေးအတွက် အရေးပေါ် ဘေးကင်းလုံခြုံရေးဆိုတာထက် ပိုပြီး လိုအပ်ပါတယ်။ ဒီအတွက် ကျွန်မတို့ အနေနဲ့ လက်တွေ့ကျတဲ့ ဖေးမကူညီမှုတွေကို ပြန်လည် ထူထောင်နိုင်ရေး၊ ကျွမ်းကျင်ရာလုပ်ငန်းမှာ ဆက်လက် လုပ်ကိုင်နိုင်စေရေး၊ လေ့လာသင်ယူရေး၊ ခေါင်းဆောင်မှုနှင့် အချိတ်အဆက်ပြုနိုင်ဖို့ အခွင့်အလမ်းတွေကိုပါ တွဲဖက် ဖြည့်ဆည်းပေးပါတယ်။
လှုပ်ရှားမှုတွေဟာ လူအချင်းချင်း ဆက်ဆံရေး၊ ယုံကြည်မှု၊ အသိပညာ မျှဝေမှု၊ စုပေါင်းဆောင်ရွက်မှုတွေ ရှိမှသာ ရေရှည်တည်တံ့တာ ဖြစ်ပါတယ်။ ချိတ်ဆက်မှုများ အတွက် ရပ်ဝန်းများ ဖန်တီးပေးခြင်း၊ စုပေါင်းဆွေးနွေးခြင်းအားဖြင့် လှုပ်ရှားမှု အခြေခံ အဆောက်အအုံကို အားကောင်းစေခြင်း၊ ကိုယ်ပိုင်အတွေ့အကြုံများကို စုပေါင်းအသိသညာအဖြစ် ပြောင်းလဲခြင်းအားဖြင့် ကွန်ယက်များ၊ ခေါင်းဆောင်မှုများနဲ့ မျှဝေလေ့လာမှုတွေကို တည်ဆောက်နိုင်မှာဖြစ်ပြီး အချိန်ကြာတာနဲ့အမျှ လူ့အခွင့်အရေး တိုက်ပွဲဝင်သူများနဲ့ လှုပ်ရှားမှုတွေဟာ ကာလဒေသနဲ့ လိုက်လျောညီထွေ ရှိလာမှာဖြစ်သလို၊ ရေရှည်တည်တံ့နိုင်မှာလည်း ဖြစ်ပါတယ်။
ကျွန်မတို့အနေနဲ့ လှေနံဓါးထစ်ပုံစံတစ်မျိုးတည်းကိုပဲ အခြေအနေ အမျိုးမျိုးမှာ အသုံးပြုတာမျိုးမဟုတ်ဘဲ လိုအပ်ချက်ပေါင်းစုံကိုလိုက်ပြီး သင့်တော်သလို အကူအညီပေးပါတယ်။ ကျွန်မတို့ရဲ့ လုပ်ငန်းဆောင်ရွက်မှုပုံစံဟာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေး၊ အသိုင်းအဝန်း အသိသညာတို့ အပြင် ထောက်ပံ့ကူညီမှုဆိုတာ လူတွေ အမှန်တကယ် ရင်ဆိုင်နေရတဲ့ ပကတိ အခြေအနေတွေပေါ်မှာ ထင်ဟပ်မှု ရှိရမယ်ဆိုတဲ့ ခံယူချက်တွေပေါ်မှာ အခြေထားပြီး ဆောင်ရွက်ပါတယ်။
ကျွန်ုပ်တို့၏ တန်ဖိုးများ

သွက်လက်မြန်ဆန်မှု
အခွင့်အလမ်းသစ်များနှင့် စိန်ခေါ်မှုအသစ်များအား လျင်မြန်သွက်လက်စွာဖြင့် ပျော့ပြောင်းညင်သာမှုရှိရှိ တုံ့ပြန်ဆောင်ရွက်ခြင်း။

ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း
ဘုံရည်မှန်းချက်များ ပြည့်မီစေရန် လက်တွဲလုပ်ကိုင်ခြင်းနှင့် အသိပညာ မျှဝေခြင်း။

တာဝန်ခံမှု
ကျွန်ုပ်တို့၏ လုပ်ဆောင်ချက်များနှင့် သက်ဆိုင်သူများအပေါ် ဖြစ်ပွားသည့် ၎င်းတို့၏ သက်ရော က်မှုများကို တာဝန်ယူခြင်း။
သတ္တိ
ဘေးအန္တရာယ်နှင့် ရင်ဆိုင်ရစေကာမူ ကျွန်ုပ်တို့၏ ယုံကြည်ချက်အတိုင်း ရပ်တည်ခြင်း။
လူတိုင်းပါဝင်ခွင့်ရရှိရေးနှင့် စည်းလုံးညီညွတ်မှု
စုံလင်ကွဲပြားသော အမြင်များကို လက်ခံပြီး ကျွန်ုပ်တို့၏ ယုံကြည်ရာ တာဝန်ကို ထမ်းရွက်ရာ၌ အပြန်အလှန်ကူညီခြင်း။
အကျိုးကျေးဇူးခံ မဟုတ်သော fellow များ
ကျွန်မတို့ ပံ့ပိုးကူညီပေးနေတဲ့ လူ့အခွင့်အရေး တိုက်ပွဲဝင်နေကြသူတွေကို အကျိုးကျေးဇူးခံရသူများလို့ မခေါ်ဘဲ fellow များအဖြစ် ရည်ညွှန်းခေါ်ဝေါ်ပါတယ်။ ကျွန်မတို့ ယုံကြည်တာက ကျွန်မတို့ အသိုင်းအဝိုင်းထဲက ပုဂ္ဂိုလ်တွေဟာ အကျိုးကျေးဇူးခံစားကြသူ သက်သက်မျှသာ မဟုတ်ဘဲ ကိုယ်ပိုင်ကျွမ်းကျင်မှု၊ ဆုံးဖြတ်ရပ်တည်မှု ရှိကြတဲ့ တက်ကြွလှုပ်ရှားသူတွေ၊ စည်းရုံးလှုံ့ဆော်သူတွေ၊ သတင်းထောက်တွေနဲ့ ခေါင်းဆောင်တွေ ဖြစ်ကြတယ် ဆိုတာပါပဲ။ fellow ဆိုတဲ့စကားရပ်အရ အချင်းချင်း အပြန်အလှန် လေးစားမှု၊ သွေးစည်းညီညွတ်မှုနဲ့ ဘုံရည်မှန်းချက်တူညီမှု စတဲ့ ဆက်နွယ်မှုတွေ အပေါ် အခြေခံထားချက်နဲ့ စံတန်ဖိုးထားမှု၊ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှုနဲ့ အတူတကွ စုပေါင်း လေ့လာမှုတို့ကို ရည်ညွှန်းလိုတာ ဖြစ်ပါတယ်။

