
အကျိုးသက်ရောက်မှု
ကျွန်မတို့ အလုပ်ရဲ့သက်ရောက်မှုဟာ ကိန်းဂဏန်းတွေထက်ပိုပါတယ်။ တနေ့ တခြား ပိုမိုဆိုးဝါးလာတဲ့ အခြေအနေတွေကြားမှာ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေ အနေနဲ့ စာရေးသားထုတ်ဝေရေး၊ စည်းရုံးရေး၊ သုတေသန၊ ဒဏ်ရာကုစားရေး၊ လေ့လာရေး၊ အခြားသူတွေအတွက် ထောက်ပံ့ကူညီရေးတွေ ဆက်လုပ်နိုင်၊ ဆက်မလုပ်နိုင်ဆိုတဲ့ အချက်ပေါ်မှာ မူတည်ပါတယ်။
ပိုမိုခိုင်မာတဲ့ ဆက်ဆံရေး၊ ဝေမျှခေါင်းဆောင်မှု၊ စုပေါင်းအသိပညာနဲ့ ဖိအားတွေကို ပိုခံနိုင်ရည်ရှိလာတဲ့ အစုအဖွဲ့တွေမှာလည်း ဒီသက်ရောက်မှုကို တွေ့နိုင်ပါတယ်။
၂၀၂၅ ခုနှစ်ကစလို့ Exile Hub ဒီချဉ်းကပ်ဆောင်ရွက်မှုကို လက်တွေ့ ကျင့်သုံးပြီး လက်ငင်းကြုံရတဲ့ ဘေးအန္တရာယ်တွေနဲ့ ရေရှည် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ အောက်ဖော်ပြပါ ကိန်းဂဏန်းတွေကတော့ ဒီလုပ်ငန်းစဉ်ရဲ့ အရိပ်အမြွက်ဖြစ်ပါတယ်။ ဒီကရတဲ့အကျိုးကျေးဇူးကြောင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ အနေနဲ့ သူတို့ အလုပ်ကို ဆက်လုပ်နိုင်ပြီး၊ ကြံ့ခိုင်မှု တည်ဆောက်လာနိုင် ပါတယ်။ ဒီ ကိန်းဂဏန်းများဟာ အခင်းအကျင်းကြီးတစ်ခုလုံးရဲ့ အစိတ်အပိုင်းမျှသာ ဖြစ်ပါတယ်။
361
လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ စိတ်ကျန်းမာရေးနှင့် စိတ်လူမှု ထောက်ပံ့ကူညီရေး အလ ုပ်ရုံဆွေးနွေးပွဲများ၊ အချင်းချင်း ကြံ့ခိုင်မှု မြှင့်တင်ရေး ရပ်ဝန်းများတွင် ပါဝင်လျက်ရှိကြ
800+
ခိုလှုံရာဂေဟာ၊ အရေးပေါ် အကူအညီ၊ နှစ်သိမ့်ဆွေးနွေးမှု၊ fellowshipများ၊ ထောက်ပံ့ငွေများ၊ သင်တန်းတက်ရောက်မှု စသည့် တိုက်ရိုက်ပံ့ပိုးကူညီ ပေးခဲ့သည့် ဖြစ်စဉ်များ
375
ဘေးကင်းရေး၊ လုံခြုံရေး၊ လုပ်ငန်းကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ အသက်မွေးဝမ်းကျောင်း သင်တန်း အစီအစဉ်များတွင် ပါဝင်ခဲ့ကြ
123
လူ့အခွင့်အရေး ကာကွယ်သူများ ဆက်လက်တိုက်ပွဲဝင်နိုင်စေရန် လက်ခံ ရရှိခဲ့ကြတဲ့ လျာထားငွေကြေး ထောက်ပံ့မှုနဲ့ fellowshipပံ့ပိုးမှု
လက်ရှိ အနေအထားကို ထိန်းရင်း၊ ရေရှည်တည်တံ့မယ့်အရာတွေကို တည်ဆောက်ခြင်း။ ကျွန်ုပ်တို့၏ ၂၀၂၅ သက်ရောက်မှု အစီရင်ခံစာ
အာဏာသိမ်းပြီး ငါးနှစ်အကြာမှာ အဝေးရောက် မြန်မာ့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများရဲ့ လိုအပ်ချက်တွေဟာလည်း ပြောင်းလဲလာခဲ့တဲ့အတွက် ကျွန်မတို့ အလုပ်ကလည်း လိုက်ပါပြောင်းလဲခဲ့ပါတယ်။ ဒီအစီရင်ခံစာမှာ ကျွန်မတို့ရဲ့ fellow များနဲ့ လိုအပ်ချက်နဲ့အညီ ကျွန်မတို့ရဲ့ ပံ့ပိုးကူညီမှုတွေဟာလည်း ကြီးမားတဲ့ ဘေးအန္တရာယ်ကနေ ပြန်လည် ထူထောင်ရေး၊ စဉ်ဆက်မပြတ်ရေးနဲ့ စုပေါင်းခေါင်းဆောင်မှုတွေကို ရွှေ့လျှောပြောင်းလဲလာပုံကို ဖော်ပြထားပါတယ်။

အချင်းချင်း ယှက်နွယ်အမှီပြုပြီး အားဖြည့်ပေးနေကြတဲ့ နွယ်ပင်တွေလိုမျိုး ပံ့ပိုးကူညီမှုပုံစံမျိုးစုံဟာ ဘေးကင်းလုံခြုံရေး၊ ပြန်လည်ထူထောင်ရေး၊ စဉ်ဆက်မပြတ်ရေး၊ မျှဝေအသိပညာနဲ့ ဂေဟစနစ် ပိုမိုအားကောင်းရေးတို့ကို အကျိုးပြုပါတယ်။
Exile Hub ရဲ့ ၂၀၂၅ သက်ရောက်မှု အစီရင်ခံစာမှာ ဒီလုပ်ငန်းရဲ့ ချိတ်ဆက်မှုနဲ့ ဖွံ့ဖြိုးပြောင်းလဲလာမှု ဖြစ်စဉ်ကို ဖော်ပြထားပါတယ်။ သက်ဆိုင်ရာ လူပုဂ္ဂိုလ်တွေနဲ့ အစုအဖွဲ့တွေရဲ့ အကူအညီ လိုအပ်ချက်တွေဟာ ပုံသေရှိနေတာမျိုးမဟုတ်ဘဲ သဘာဝအလျောက် ကြီးထွားလာတာ၊ တိုးတက်မှု ရပ်တန့်သွားတာ၊ လမ်းကြောင်းပြောင်းသွားတာ၊ အခြေအနေ ပြောင်းလဲသွားတာနဲ့ တပြိုင်နက် ပြန်လည် အစပြုလာတာ စသည်ဖြင့် မျိုးစုံဖြစ်နိုင်ပါတယ်။
.png)


တည်ငြိမ်စေခြင်း
ဘေးကင်းရေး၊ လုံခြုံရေး နှင့် လက်တွေ့အသိပညာများကို အားပေးမြှင့်တင်ခြင်း
ပြန်လည်နာလန်ထူခြင်း
စိတ်ကျန်းမာရေး၊ စိတ်လူမှုစောင့်ရှောက်မှုနှင့် စုပေါင်းခံနိုင်ရည်ရှိမှုကို ပံ့ပိုးခြင်း။
လုပ်ငန်း ဆက်လက်ရှင်သန်မှု
fellowshipများ၊ သင်တန်းများနှင့် ပရော်ဖက်ရှင်နယ် ပံ့ပိုးမှုများမှတစ်ဆင့် လူ့အခွင့်အရေးကာကွယ်သူများ ၎င်းတို့၏ လုပ်ငန်းကို ဆက်လက်လုပ်ကိုင်နိုင်ရန် ကူညီပေးခြင်း။
မျှဝေထားသော အသိပညာနှင့် ခေါင်းဆောင်မှု
ဖီးမနစ် လက်တွေ့ကျင့်သုံးမှု၊ ဇာတ်လမ်းပြောပြခြင်း၊ သုတေသနနှင့် ခေါင်းဆောင်မှုတွင် ရင်းနှီးမြှုပ်နှံခြင်း။
အန္တရာယ်
လုံခြုံသော ခိုလှုံရာနှင့် အရေးပေါ်အကူအညီမှတစ်ဆင့် အရေးပေါ်ခြိမ်းခြောက်မှုများကို တုံ့ပြန်ခြင်း။
ပိုမိုခိုင်မာသော ခုခံတော်လှန်ရေး ဂေဟစနစ်
စုပေါင်းလုပ်ဆောင်မှုအတွက် မိတ်ဖက်ဆောင်ရွက်မှုများ၊ ကွန်ရက်များနှင့် နေရာများကို တည်ဆောက်ခြင်း။




