ဆက်သွယ်ရန်
မိတ်ဖက်ဖွဲ့ခြင်း / လက်တွဲခြင်း
သင်ဟာ Exile Hub လက်တွဲဆောင်ရွက်ဖို့ စိတ်ဝင်စားတဲ့ အဖွဲ့အစည်း၊ ကွန်ယက်၊ လူပုဂ္ဂိုလ်တစ်ဦး ဟုတ်ပါသလား? ကျွန်မတို့အနေနဲ့လည်း ကျွန်မတို့ လုပ်ငန်း၊ စံတန်ဖိုးတွေနဲ့ ကိုက်ညီမယ့် မိတ်ဖက်ဆောင်ရွက်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ လမ်းညွှန်အကြံပေးမှု၊ အသိပညာမျှဝေမှုနဲ့ လုပ်ငန်းဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့ စုံစမ်းမေးမြန်းလာမယ်ဆိုရင် လက်ကမ်းကြိုဆိုနေမှာ ဖြစ်ပါတယ်။ သင်ဟာ ဘယ်သူဖြစ်တယ်၊ ဘာလုပ်ဖို့ စိတ်ဝင်စားတယ်၊ ဘယ်လို လက်တွဲဆောင်ရွက်လို့ ရနိုင်စရာရှိတယ်ဆိုတာနဲ့ ပတ်သက်လို့ သင့်အမြင်ကို ပြောပေးစေလိုပါတယ်။ ကျွန်မတို့ ဝန်ထမ်း အဖွဲ့အနေနဲ့ သင့်မေးမြန်းချက်ကို ဖတ်ရှုပြီး သင့်တော်တဲ့လူဆီ လွှဲပြောင်းပေးမှာ ဖြစ်ပါတယ်။
မီဒီယာ / ဆော်ဩမှု
Exile Hub နဲ့ တကွ မြန်မာနိုင်ငံ လူ့အခွင့်အရေး၊ သတင်းမီဒီယာရပ်ဝန်းနဲ့ ပတ်သက်ပြီး Exile Hub ဆောင်ရွက်ပေးလျက်ရှိတဲ့ လုပ်ငန်းနဲ့ အရေးကိစ္စတွေ အကြောင်း သတင်းအချက်အလက် ရယူလိုတယ်ဆိုတဲ့ သတင်းထောက်၊ သုတေသီနဲ့ ဆော်ဩအရေးဆိုသူတိုင်းကို ကျွန်မတို့ ကြိုဆိုပါတယ်။ အင်တာဗျူး၊ ထုတ်ပြန်ချက်၊ ကန်ပိန်းဆိုင်ရာ ရေးသားဖြန့်ချိမှုတွေ၊ အခြား မီဒီယာနဲ့ အရေးဆိုမှုဆိုင်ရာ မေးမြန်းလိုတာ ရှိတယ်ဆိုရင် ကျွန်မတို့ကို ဆက်သွယ်နိုင်ပါတယ်။ သင်မေးမြန်းသိရှိလိုတာနဲ့ ပတ်သက်ပြီး အချက်အလက် သေချာ ပေးပို့စေလိုပါတယ်။ တလက်စတည်း သင်အလုပ်လုပ်တဲ့၊ စာရေးသားပေးနေတဲ့ အဖွဲ့အစည်း အကြောင်းနဲ့ တကွ သင်မေးမြန်းလိုတဲ့ကိစ္စ၊ နောက်ဆုံးထား ဖြေကြားပေးရမယ့် ရက်စွဲတို့ကိုပါ ဖော်ပြပေးစေလိုပါတယ်။
အထွေထွေ
Exile Hub အကြောင်းနဲ့ တကွ အဖွဲ့ရဲ့ လုပ်ငန်း၊ ရေးသားထုတ်ဝေမှု၊ သတင်းလွှာ၊ ဝဘ်ဆိုဒ်တွေ အကြောင်းနဲ့ ပတ်သက်တဲ့ အထွေထွေ မေးမြန်းချက်တွေကိုလည်း လက်ခံဖြေကြားပေးပါတယ်။ ဒါပေမယ့် Exile Hub က အတိအလင်း မမေးမြန်းသရွေ့ ကျေးဇူးပြုပြီး အကဲဆတ်တဲ့ ကိုယ်ရေးကိုယ်တာ၊ လုံခြုံရေးနဲ့ လုပ်ငန်းပိုင်း အချက်အလက်တွေကို မျှဝေခြင်းမပြုဖို့ မေတ္တာရပ်ခံလိုပါတယ်။
