အကူအညီ ရယူရန်
တကယ်လို့သင်ဟာ မြန်မာလူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူ၊ သတင်းထောက်၊ မီဒီယာ လောကသား၊ တက်ကြွလှုပ်ရှားသူတစ်ဦးဦးဖြစ်ပြီး ပံ့ပိုးကူညီမှု လိုအပ်နေတယ်ဆိုရင် Exile Hub နဲ့ Exile Hub က စီစဉ်ပေးနေတဲ့ အစီအစဉ်တွေမှာ လက်တလော ရရှိနိုင်တဲ့ ထောက်ပံ့ငွေ၊ fellowshipနဲ့ တခြား အခွင့်အလမ်းတွေကို ဒီနေရာမှာ ကြည့်ရှုနိုင်ပါတယ်။

ကျွန်မတို့ရဲ့ ပံ့ပိုးကူညီမှုတွေမှာ အကူအညီလိုအပ်ချက်နဲ့ အခြေအနေအမျိုးမျိုးနဲ့ အကိုက်ညီဆုံးဖြစ်အောင် စီစဉ်ထားပါတယ်။ သက်ဆိုင်ရာ အစီအစဉ်၊ အခွင့်အလမ်းပေါ် မူတည်ပြီး ငွေကြေးထောက်ပံ့မှု၊ fellowship၊ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ စိတ်လူမှု အထောက်အပံ့၊ အရေးပေါ် ထောက်ပံ့ကူညီမှုနဲ့ တခြား အကူအညီပုံစံမျိုးစုံ ပါဝင်ပါတယ်။
လျှောက်ထားခွင့်ရှိသူ၊ လျှောက်လွှာတင်သည့် လုပ်ငန်းစဉ်နဲ့ ရရှိနိုင်တဲ့ အထောက်အပံ့တွေဟာ အစီအစဉ်ပေါ်လိုက်ပြီး ကွာခြားနိုင်ပါတယ်။ အခွင့်အလမ်းတစ်ခုချင်းစီအတွက် သက်ဆိုင်ရာ သတင်းအချက်အလက်များကို ဖတ်ရှုသုံးသပ်ပြီးရင် သက်ဆိုင်ရာလျှောက်လွှာကို လေ့လာပါ။ ဒါမှမဟုတ် လျှောက်လွှာတင်သွင်းပုံ အဆင့်ဆင့်ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
တကယ်လို့ ဖော်ပြထားတဲ့ အခွင့်အလမ်းတစ်ခုခုဟာ သင်နဲ့ ကိုက်ညီမှု ရှိ၊ မရှိ သေချာသိရှိလိုတယ်ဆိုရင် ဆက်သွယ်ရန် စာမျက်နှာကတဆင့် Exile Hub ကို မေးမြန်းနိုင်ပါတယ်။
အထွေထွေ စုံစမ်းမေးမြန်းမှု ဖောင်ပုံစံကို အသုံးပြုရာမှာ အဖွဲ့အစည်းဘက်က အတိအလင်း ဆက်သွယ်တောင်းခံတာမျိုး မရှိသရွေ့ အကဲဆတ်တဲ့ သတင်းအချက်အလက်တွေ မျှဝေခြင်းမပြုရန် မေတ္တာရပ်ခံပါတယ်။
ဖယ်လိုးရှစ်များနှင့် ထောက်ပံ့ငွေများ

STATUS:
အဖွင့်
DEADLINE:
လက်ရှိဆောင်ရွက်ဆဲ
နိုင်ငံရေး အကျဉ်းသူဟောင်းများအတွက် ဆော်ဩရေးဆိုင်ရာ ထောက်ပံ့ကြေး
ဒီထောက်ပံ့ကြေး အစီအစဉ်ကတော့ မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသူဟောင်းတွေ အတွက် ကိုယ်ရပ်တည်ခဲ့တဲ့နေရာ ပြန်လည်ရရှိအောင်၊ ဘေးကင်းလုံခြုံမှုပိုမိုရရှိအောင်နဲ့ နိုင်ငံရေးအရ ကိုယ်ပိုင်ရပ်တည်ချက်ကို ထိန်းထားနိုင်အောင် ရည်ရွယ်ပေးအပ်တဲ့ အသေးစား အမြန် ထောက်ပံ့ငွေ ဖြစ်ပါတယ်။ ယနေ့ချိန်အထိ ကြံ့ကြံ့ခံ ရှင်သန်ရင်း ဆက်လက် တော်လှန်လျက်ရှိတဲ့ အမျိုးသမီးများနဲ့ သွေးစည်းညီညွတ်မှုရှိကြောင်း ပြသဖို့ အတွက် ပံ့ပိုးကူညီမှုများမှာ အိမ်ငှားခ၊ လိုအပ်တဲ့ကုထုံးနဲ့ ဥပဒေရေးရာ အကူအညီတို့ကစလို့ ဒစ်ဂျစ်တယ်လုံခြုံရေး၊ ပေါ့ကတ်စ်ထုတ်လုပ်ရေး စတာတွေအထိ ခြုံငုံမိအောင် ထည့်သွင်းပေးထားပါတယ်။

STATUS:
အဖွင့်
DEADLINE:
လက်ရှိဆောင်ရွက်ဆဲ
မြန်မာအမျိုးသမီးများအတွက် ကလေးပြုစုစောင့်ရှောက်ရေး ထောက်ပံ့ကြေး။ “ရှေ့ဆက်ရေး ပံ့ပိုးကူညီမှု”
ကလေးပြုစုစောင့်ရှောက်ရေးဆိုင်ရာထောက်ပံ့ကြေးသည် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူ အမျိုးသမီးများလည်းဖြစ်၊ မိခင်များလည်း ဖြစ်ကြသူများ အတွက် ပဋိပက္ခ၊ တက်ကြွလှုပ်ရှားမှုနဲ့ ကလေးပြုစုစောင့်ရှောက်မှုများကြား ပြေးလွှားလုပ်ကိုင်နေကြသူများရဲ့ ဖိအားကို တတ်သမျှဖြေလျှော့စေနိုင်ဖို့ ရည်ရွယ်ပေးအပ်တာ ဖြစ်ပါတယ်။ ထောက်ပံ့မှုပြုလုပ်တဲ့ပုံစံဟာ ဖီးမနစ် ကူညီစောင့်ရှောက်ရေး နည်းလမ်းပေါ်မှာ အခြေခံထားတာဖြစ်ပြီး အမျိုးသမီး လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေကို သူတို့ပါဝင်ရတဲ့ အခန်းကဏ္ဍအစုံမှာ ပုံဖော်ကြည့်ပါတယ်။ ရှေ့တန်းကနေ တိုက်ပွဲဝင်နေကြတဲ့ မိခင်များကို ထောက်ပံ့ကူညီပေးဖို့ ရည်ရွယ်ပြီး တချိန်တည်းမှာပဲ အစုအဖွဲ့လိုက် ပြုစုစောင့်ရှောက်ရေး အားကောင်းစေဖို့နဲ့ အကျပ်အတည်းကာလအတွင်း သွေးစည်းညီညွတ်မှု ပြသနိုင်ဖို့ ဖြစ်ပါတယ်။

STATUS:
အပိတ်
DEADLINE:
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်
ဖီးမနစ်ဇာတ်လမ်းတင်ဆက်ခြင်းဆိုင်ရာ ထောက်ပံ့ကြေး
ဒီထောက်ပံ့ကြေးဟာ အမျိုးသမီးများနဲ့ လိင်စိတ်ခံယူမှုကွဲပြ ားသူများ အပါအဝင် ဇာတ်လမ်း တင်ဆက်ခြင်း နည်းနာကို ခုခံတွန်းလှန်ရေး၊ တန်းတူညီမျှရေးနဲ့ အခြေခံကျတဲ့ အပြောင်းအလဲတွေ ဖြစ်လာစေရေးအတွက် လက်နက်ကိရိယာတစ်ခုအနေနဲ့ အသုံးပြုနေတဲ့ ပုဂ္ဂိုလ်များကို ပံ့ပိုးကူညီပေးဖို့ ရည်ရွယ်ထားပါတယ်။

STATUS:
အပိတ်
DEADLINE:
၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်
Critical Voices Fellowships 2026 (ဒုတိယအသုတ်)
Exile Hub နဲ့ Media in Cooperation and Transition (MiCT) တို့ ပူးပေါင်းပြုလုပ်တဲ့ Critical Voices Fellowship ၂၀၂၆ (ဒုတိယအသုတ်) ကို လျှောက်လွှာများ ပေးပို့နိုင်ပြီဖြစ်ကြောင်း ဝမ်းမြောက်ဝမ်းသာ ကြေညာအပ်ပါတယ်။ ခြိမ်းခြောက်မှု အန္တရာယ်တွေကို ရင်ဆိုင်ရင်းနဲ့ပဲ ဝေဖန်စစ်ကြောရေး အလုပ်တွေလုပ်နေကြတဲ့၊ အချက်အလက် အားကောင်းတဲ့ အကြောင်းအရာတွေ ဖန်တီးထုတ်လုပ်နေကြတဲ့ အဝေးရောက် မြန်မာမီဒီယာလောကသားတွေအတွက် အထူးဖန်တီးပေးထားတဲ့ ဒီအစီအစဉ်မှာ တက်ရောက်ရင်း အပြောင်းအလဲတွေ ကိုယ်တွေ့ကြုံရစေဖို့ ဒါဟာ သင့်အတွက် အခွင့်အလမ်းပဲ ဖြစ်ပါတယ်။
မျှော်မှန်းထားသင့်သည်များ
အခြေအနေတစ်ခုနဲ့ တစ်ခု မတူနိုင်သလို Exile Hub အား ဆက်သွယ်လိုက်ရုံဖြင့် ပံ့ပိုးကူညီမှု အလိုလျောက် ဖြည့်ဆည်းပြီး ဖြစ်လိမ့်မည်ဟု မဆိုလိုပါ။ ကျွန်မတို့ရဲ့ ဝန်ထမ်း အဖွဲ့ကနေ သက်ဆိုင်ရာ အစီအစဉ်၊ ရတတ်သမျှ အရင်းမြစ်တွေနဲ့ ဖော်ပြပါ အခြေအနေပေါ် မူတည်ပြီး သုံးသပ်မှု ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
သင့်မေးမြန်းစုံစမ်းမှုနဲ့ ပတ်သက်လို့ ကျွန်မတို့ နားလည်စေရုံလောက်ပဲ လိုအပ်တဲ့ အချက်အလက်တွေ မျှဝေပေးဖို့ရာ မေတ္တာရပ်ခံလိုပါတယ်။ နောက်ထပ်လိုအပ်တဲ့ သတင်းအချက်အလက် သို့မဟုတ် ဆောက်ရွက်ရမယ့် လုပ်ငန်းအဆင့်ဆင့်နဲ့ ပတ်သက်လို့ လိုအပ်သလို လမ်းညွှန်သွားမှာ ဖြစ်ပါတယ်။


