top of page
< နောက်သို့

Critical Voices Fellowships 2026 (ဒုတိယအသုတ်)

Exile Hub နဲ့ Media in Cooperation and Transition (MiCT) တို့ ပူးပေါင်းပြုလုပ်တဲ့ Critical Voices Fellowship ၂၀၂၆ (ဒုတိယအသုတ်) ကို လျှောက်လွှာများ ပေးပို့နိုင်ပြီဖြစ်ကြောင်း ဝမ်းမြောက်ဝမ်းသာ ကြေညာအပ်ပါတယ်။ ခြိမ်းခြောက်မှု အန္တရာယ်တွေကို ရင်ဆိုင်ရင်းနဲ့ပဲ ဝေဖန်စစ်ကြောရေး အလုပ်တွေလုပ်နေကြတဲ့၊ အချက်အလက် အားကောင်းတဲ့ အကြောင်းအရာတွေ ဖန်တီးထုတ်လုပ်နေကြတဲ့ အဝေးရောက် မြန်မာမီဒီယာလောကသားတွေအတွက် အထူးဖန်တီးပေးထားတဲ့ ဒီအစီအစဉ်မှာ တက်ရောက်ရင်း အပြောင်းအလဲတွေ ကိုယ်တွေ့ကြုံရစေဖို့ ဒါဟာ သင့်အတွက် အခွင့်အလမ်းပဲ ဖြစ်ပါတယ်။

ဝေဖန်စစ်ကြောရေး စာနယ်ဇင်းလောကထဲက သင့်အခန်းကဏ္ဍကို ကမ္ဘာ့အဆင့်မီ မြှင့်တင်တဲ့အခါ Critical Voices Fellowship ကနေ ဘယ်သူနဲ့မှ မတူတဲ့ ထောက်ပံ့ကူညီမှုတွေ ပြုလုပ်ပေးနိုင်ပါတယ်။ Fellow တစ်ဦး အနေနဲ့ နိုင်ငံတကာ သတင်းထောက်ကွန်ယက်တွေမှာ ချိတ်ဆက်ခွင့်ရမှာ ဖြစ်ပြီး အောက်ပါတို့ကိုပါ ခံစားခွင့်ရမှာ ဖြစ်ပါတယ်။

● အဆင့်မြင့်ဆုံးအရင်းမြစ်များ - ထိုင်းနိုင်ငံမှာရှိတဲ့ Exile Hub ရဲ့ အဖွဲ့အစည်းပိုင် သတင်းမီဒီယာလုပ်ငန်းသုံး ပစ္စည်းများ၊ မာတီမီဒီယာ ထုတ်လုပ်ရေး စတူဒီယိုများ၊ အလုပ်ခန်းများကို အသုံးပြုခွင့်ရခြင်း။
● ဘက်စုံထောင့်စုံသင်တန်း - သင့်လိုအပ်ချက်နဲ့ ကိုက်ညီမယ့် အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများမှာ တက်ရောက်ခွင့်ရမယ့် အပြင် စိတ်လူမှု အထောက်အပံ့၊ အနီးကပ်သင်ကြားမှုနဲ့ နည်းပညာ လမ်းညွှန်ချက်။
● ငွေကြေးထောက်ပံ့မှု - အရေးကြီးတဲ့လုပ်ငန်းကို အာရုံစိုက်နေချိန်မှာ သင့်ရဲ့ နေထိုင်စရိတ်အတွက် တစိတ်တပိုင်း ကာမိစေမယ့် သုံးလစာ ထောက်ပံ့ကြေးကို တစ်လချင်းစီ ပေးအပ်ခြင်း။
ဘာကြောင့်လျှောက်ထားသင့်သလဲ

ဝေဖန်စစ်ကြောရေး စာနယ်ဇင်းလောကထဲက သင့်အခန်းကဏ္ဍကို ကမ္ဘာ့အဆင့်မီ မြှင့်တင်တဲ့အခါ Critical Voices Fellowship ကနေ ဘယ်သူနဲ့မှ မတူတဲ့ ထောက်ပံ့ကူညီမှုတွေ ပြုလုပ်ပေးနိုင်ပါတယ်။ Fellow တစ်ဦး အနေနဲ့ နိုင်ငံတကာ သတင်းထောက်ကွန်ယက်တွေမှာ ချိတ်ဆက်ခွင့်ရမှာ ဖြစ်ပြီး အောက်ပါတို့ကိုပါ ခံစားခွင့်ရမှာ ဖြစ်ပါတယ်။

● အဆင့်မြင့်ဆုံးအရင်းမြစ်များ - ထိုင်းနိုင်ငံမှာရှိတဲ့ Exile Hub ရဲ့ အဖွဲ့အစည်းပိုင် သတင်းမီဒီယာလုပ်ငန်းသုံး ပစ္စည်းများ၊ မာတီမီဒီယာ ထုတ်လုပ်ရေး စတူဒီယိုများ၊ အလုပ်ခန်းများကို အသုံးပြုခွင့်ရခြင်း။
● ဘက်စုံထောင့်စုံသင်တန်း - သင့်လိုအပ်ချက်နဲ့ ကိုက်ညီမယ့် အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများမှာ တက်ရောက်ခွင့်ရမယ့် အပြင် စိတ်လူမှု အထောက်အပံ့၊ အနီးကပ်သင်ကြားမှုနဲ့ နည်းပညာ လမ်းညွှန်ချက်။
● ငွေကြေးထောက်ပံ့မှု - အရေးကြီးတဲ့လုပ်ငန်းကို အာရုံစိုက်နေချိန်မှာ သင့်ရဲ့ နေထိုင်စရိတ်အတွက် တစိတ်တပိုင်း ကာမိစေမယ့် သုံးလစာ ထောက်ပံ့ကြေးကို တစ်လချင်းစီ ပေးအပ်ခြင်း။

ဘယ်သူတွေ လျှောက်သင့်သလဲ

အောက်ပါပုဂ္ဂိုလ်များ အပါအဝင် သတင်းမီဒီယာလောကသား အားလုံးထံက လျှောက်လွှာများကိုလည်း ကြိုဆိုလျက်ရှိပါတယ်
● သတင်းသမား (သတင်းထောက်/ စုံစမ်းဖော်ထုတ်ရေးသတင်းထောက်/ ရုပ်သံနဲ့ အသံလွှင့် သတင်းထောက်/ အယ်ဒီတာ)
● ဓါတ်ပုံသတင်းထောက်
● ရုပ်ရှင်ဖန်တီးသူ
● Content Creator/ ဘလော်ဂါ
● ထုတ်လုပ်သူ
● သရုပ်ဖော်နဲ့ အန်နီမေးရှင်းဖန်တီးသူ
● Fact-checker

အဓိကအကြောင်းအရာများ

● သတင်းနဲ့ လက်ရှိ အရေးကိစ္စ
● နိုင်ငံရေး/ မှုခင်း၊ ပဋိပက္ခနဲ့ စစ်သတင်းတင်ဆက်ခြင်း
● စီးပွားရေးနဲ့ ဘောဂဗေဒ
● သဘာဝပတ်ဝန်းကျင် / ရာသီဥတု
● လူမှုအရေးအခင်း (လူ့အခွင့်အရေး၊ လိင်တန်းတူညီမျှရေး၊ လိင်အခြေပြု အကြမ်းဖက်မှု၊ တိုင်းရင်းသားရေးရာ)
● ပညာရေး
● ယဉ်ကျေးမှု/ နည်းပညာ/ သိပ္ပံ
● အတွေးအမြင်နဲ့ အယ်ဒီတာ့အာဘော်
*အထူးသဖြင့် အမျိုးသမီးများ၊ တိုင်းရင်းသားလူနည်းစုများ၊ လိင်စိတ်ခံယူမှုကွဲပြားသူများဟာ အများအားဖြင့် သူများနဲ့ မတူတဲ့ စိန်ခေါ်မှုတွေ ကြုံတွေ့နေရတဲ့အတွက် ဒီလူတွေ လျှောက်လွှာတင်ပေးဖို့ အထူး တိုက်တွန်းလိုပါတယ်။

လျှောက်ထားခွင့်ရှိသူ

လျှောက်ထားသူများ အနေဖြင့်
● နိုင်ငံအတွင်း သို့မဟုတ် အဝေးရောက် အဖြစ်နဲ့ အလုပ်လုပ်နေတဲ့ မြန်မာစာနယ်ဇင်းလောကသား ဖြစ်ရပါမယ်။
● ငွေကြေးလိုအပ်ချက် သို့ မဖူလုံမှုကို ရင်ဆိုင်နေရပြီး ဝေဖန်စစ်ကြောရေး စာနယ်ဇင်းအလုပ်ကို တစိုက်မတ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သက်သေပြနိုင်ရပါမယ်။
● လက်တလော ခြိမ်းခြောက်မှု အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့သူကိုပိုပြီးဦးစားပေးမှာ ဖြစ်ပါတယ်။
● Critical Voices Fellowship ယခင်ရဖူးပါက လျှောက်လွှာတင်ခွင့်မရှိပါ။

လိုအပ်သော စာရွက်စာတမ်းများ

● Fellowship လျှောက်လွှာဖောင်ပုံစံကို အပြည့်အစုံဖြည့်ပါ။
● CV နဲ့ တကွ စာနယ်ဇင်းလုပ်ငန်း အတွေ့အကြုံကို သက်သေပြနိုင်မည့်အချက်အလက်များ၊ ထောက်ခံစာများ တပါတည်းတင်ပြပါ။

လျှောက်လွှာနောက်ဆုံးထားတင်သွင်းရမည့်ရက်

၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်

အခြားအချက်အလက်များ

၁) ဒီ fellowship ကို ဘယ်သူတွေ လျှောက်ထားခွင့်ရှိလဲ?
လျှောက်ထားသူအနေနဲ့ ငွေကြေးလိုအပ်ချက် သို့မဟုတ် မဖူလုံမှု (ဝင်ငွေရလမ်း ဆုံးရှုံး သို့ အရေးပေါ် ကုသစရိတ် လိုအပ်မှု စသည်ဖြင့်) ကို သက်သေပြနိုင်ရမှာ ဖြစ်ပြီးတော့ ဝေဖန်စစ်ကြောရေး စာနယ်ဇင်း အလုပ်ကို တစိုက်မတ်မတ် ဆောင်ရွက်နေကြောင်းကိုလည်း ပြသနိုင်ရပါမယ်။ ဥပမာ အနေနဲ့ သတင်းထောက်၊ နိုင်ငံသားသတင်းထောက် (CJ)၊ ဓါတ်ပုံသတင်းထောက်၊ ရုပ်ရှင်ဖန်တီးသူ၊ ဘလော့ဂါ၊ ထုတ်လုပ်သူ၊ သရုပ်ဖော်ရေးဆွဲသူနဲ့ အခြားသူများ အပါအဝင် သတင်းမီဒီယာ ထုတ်လုပ်ဖန်တီးရေး လုပ်ငန်းမှာ ပါဝင်နေတဲ့ တတ်သိပညာရှင်များ အားလုံး။

၂) ဘယ်သူတွေကို ဦးစားပေး စဉ်းစားသလဲ?
လက်ငင်းခြိမ်းခြောက်မှုတွေ တွေ့ကြုံနေရသူတွေ၊ အမျိုးသမီးတွေ၊ လူနည်းစုတိုင်းရင်းသား၊ လိင်စိတ်ခံယူမှု ကွဲပြားသူများကို ဦးစားပေး စဉ်းစားပေးမှာ ဖြစ်ပါတယ်။

၃) ကျွန်တော်/ကျွန်မအနေနဲ့ အရင်က Critical Voices Fellowship ရခဲ့ဖူးပါတယ်။ ထပ်လျှောက်လို့ ရနိုင်ပါသေးသလား?
မရပါ။ Critical Voices Fellowship က တဆင့် အထောက်အပံ့ လက်ခံရရှိဖူးသူများ အနေနဲ့ လျှောက်လွှာတင်ခွင့် မရှိပါ။

၄) လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူဆိုတာ ဘယ်သူတွေလဲ?
လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများဆိုင်ရာ ကုလသမဂ္ဂ ကြေညာစာတမ်း အစရှိတဲ့ နိုင်ငံတကာမှာ သတ်မှတ်ပြဋ္ဌာန်းထားတဲ့ မူဘောင်များနဲ့ အညီပြောရမယ်ဆိုရင် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူ (HRD) ဆိုတာ ငြိမ်းချမ်းစွာနဲ့ တကိုယ်တော်အားဖြင့်လည်းကောင်း၊ အခြားသူတွေနဲ့ စုဖွဲ့စည်းရုံးပြီးတော့ လည်းကောင်း လူ့အခွင့်အရေးကိ မြှင့်တင်၊ ကာကွယ်၊ မှတ်တမ်းတင်တဲ့လုပ်ရပ်တွေကို လုပ်ဆောင်နေကြသူများ ဖြစ်ကြပါတယ်။

၅) လျှောက်လွှာအတွက် ဘယ်ဖန်တီးရေးသားမှု နမူနာကို တင်ပြဖို့ လိုသလဲ?
၂၀၂၆ ခုနှစ် အတွင်း fellowship နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေထဲက သင်နောက်ဆုံးရေးသားခဲ့တဲ့ အရာကို လင့်ပေးပို့နိုင်ပါတယ်။ တကယ်လို့ ၂၀၂၆ ခုနှစ်အတွင်း ရေးသားထုတ်ဝေထားတာ မရှိဘူးဆိုရင် သူ့ရှေ့ပိုင်းကာလ သင့်တော်တဲ့ရေးသားမှု တစ်ခုခုကို ပေးပို့နိုင်ပါတယ်။

၆) စီမံကိန်း လျှောက်လွှာ / fellowship လုပ်ငန်းအစီအမံမှာ ဘာတွေထည့်သွင်းတင်ပြဖို့ လိုသလဲ?
Fellowship ကာလ (၃) လ အတွင်း သင်ဖန်တီးလိုတဲ့ စီမံကိန်း၊ သက်ဆိုင်ရာ ရပ်ရွာအစုအဖွဲ့အတွက် ရည်ရွယ် အကျိုးပြုလိုတဲ့အရာ၊ သင့် တကိုယ်ရေနဲ့ ကျွမ်းကျင်မှု ဖွံ့ဖြိုးရေးအတွက် ရည်ရွယ်တဲ့ ပန်းတိုင်တစ်ခုခု အကြမ်းရေးသားတင်ပြပါ။

၇) fellowship ရဲ့ သက်တမ်းကာလ ဘယ်လောက်ကြာသလဲ?
Critical Voices Fellowship ဟာ အစအဆုံး (၃) လ ကြာမြင့်ပါတယ်။ ဒီကာလအတွင်း fellow တွေ အနေနဲ့ သူတို့ အဆိုပြုထားတဲ့ စီမံကိန်းကို အကောင်အထည်ဖော်ရင်း၊ သင်တန်းအစီအစဉ်တွေ တက်ရောက်ရင်း၊ ကိုယ့် အချင်းချင်း လေ့လာတဲ့ လုပ်ငန်းစဉ်တွေမှာ ပါဝင်ကြရမှာ ဖြစ်ပါတယ်။

၈) ဒီ (၃) လတာ ကာလအတွင်း ဘယ်လို သင်တန်း၊ အနီးကပ်သင်ကြားမှုနဲ့ ပံ့ပိုးကူညီမှုတွေ fellow တွေ အနေနဲ့ လက်ခံရရှိမှာပါလဲ?
ရွေးချယ်ခံရတဲ့ fellow တွေ အနေနဲ့ (၃) လတာ ကာလအတွင်း တကိုယ်ရေ ဘေးကင်းလုံခြုံရေး၊ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ ဒစ်ဂျစ်တယ် လုံခြုံရေး၊ စိတ်ချမ်းသာမှုရရှိရေး၊ စီမံကိန်း လက်စသတ်နိုင်ရေးတို့ အတွက် ဘက်ပေါင်းစုံကနေ အပြည့်အဝ ပံ့ပိုးကူညီမှု ရရှိမှာ ဖြစ်ပါတယ်။ သင့်အနေနဲ့ ရွေးချယ်ခံရမယ်ဆိုရင် နေထိုင်စားသောက်မှု ကုန်ကျစရိတ် ကာမိစေမယ့် ထောက်ပံ့ကြေး၊ ဒါမှမဟုတ် အရေးပေါ် ဆေးဝါးကုသမှု လိုအပ်ချက်၊ အနီးကပ်သင်ကြားရေးနဲ့ စွမ်းရည်မြှင့်တင်ရေး၊ အစုအဖွဲ့နဲ့ အချိတ်အဆက် တည်ဆောက်ခြင်း၊ တကိုယ်ရေ ပြုစုစောင့်ရှောက်ရေးအတွက် ကိုယ်ရောစိတ်ပါ အေးချမ်းမှု ရစေရေး အစီအစဉ်တွေ ရရှိမှာ ဖြစ်ပါတယ်။

၉) လျှောက်လွှာတွေကို ဘယ်လိုသုံးသပ်ပါသလဲ၊ ဘယ်တော့လောက် အကြောင်းပြန်ပါသလဲ?
ရွေးချယ်ရေး ကော်မတီကနေ လျှောက်လွှာတွေကို အထောက်အပံ့ ဘယ်လောက် အတိုင်းအတာထိ လိုအပ်နေတယ်၊ အဆိုပြုလွှာ ဘယ်လောက် အားကောင်းတယ်၊ fellowship ကာလ အစအဆုံး မပျက်မကွက် တက်ရောက်မယ့်ပုံရှိတယ် စတဲ့ စည်းမျဉ်းအကဲဖြတ်မှုတွေနဲ့ အညီ တိုက်ဆိုင်သုံးသပ်ပါတယ်။ ရွေးချယ်ပြီးတဲ့အခါမှာတော့ သင့်လျှောက်လွှာ အခြေအနေနဲ့ ပတ်သက်လို့ အီးမေးလ်ကနေ အကြောင်းကြားပေးပါတယ်။

bottom of page