top of page
feminist_storytelling_bg_1080x1920_edited.jpg
feminist_storytelling_text.png

ဖီးမနစ် ဇာတ်လမ်းတင်ဆက်ခြင်းဟာ ခုခံ တွန်းလှန်မှုရှိပြီး အပြောင်းအလဲကို ဦးတည်တဲ့၊ နှုတ်ဆိတ်နေရဖို့ကို ငြင်းဆန်တဲ့ ဇာတ်လမ်းတွေ ပေါ်ထွန်းလာစေရေးအတွက် ရပ်ဝန်းတစ်ခု ဖန်တီးပေးပါတယ်။ ဒီပုံစံဟာ ကိုယ်ပိုင် အတွေ့အကြုံကို အခြေပြုပြီး လူတွေကို ဖယ်ကြဉ်တဲ့၊ သိမ်ငယ်စေတဲ့၊ ပါးစပ်ပိတ်ပစ်တဲ့ ဇာတ်လမ်းတင်ဆက်မှုတွေ၊ တည်ဆောက်မှုတွေကို ပြန်လည် စိန်ခေါ်ထားပါတယ်။

လွှမ်းမိုးထားသော ဇာတ်ကြောင်းများသည် အမျိုးသမီးများနှင့် LGBTQI+ ပုဂ္ဂိုလ်များကို ဖျက်ဆီးခြင်း၊ နှုတ်ပိတ်ခြင်း သို့မဟုတ် ပုံသေကားချ သတ်မှတ်ခြင်း ပြုနိုင်သည်။ ထောက်ပံ့ငွေများ၊ ဇာတ်လမ်းပြောပြခြင်းနှင့် မျှဝေသင်ယူမှုမှတစ်ဆင့် Exile Hub သည် လူများ စာရေးသူအဖြစ် ပြန်လည်ပိုင်ဆိုင်ရန်၊ စုပေါင်းမှတ်ဉာဏ်ကို ထိန်းသိမ်းရန်နှင့် မမြင်ရခြင်းနှင့် တိတ်ဆိတ်ခြင်းအပေါ် မှီခိုသော စနစ်များကို စိန်ခေါ်ရန် ပံ့ပိုးသည်။

DriveChange.png

ဇာတ်လမ်းတင်ဆက်ခြင်းအားဖြင့် ဘယ်သူကတော့ စကားပြောခွင့်ရှိတယ်၊ ဘယ်သူကတော့ ထင်သာမြင်သာရှိစေမယ်၊ ဘယ်လို အနာဂတ်မျိုးကတော့ ဖြစ်နိုင်ခြေရှိတယ်ဆိုတာတွေကို ပြောင်းလဲသွားစေနိုင်ပါတယ်။

PushBack2.png

ကျွန်မတို့ရဲ့ ဇာတ်လမ်းကို ပြောကြားခြင်းအားဖြင့် ကျွန်မတို့ကို မလိုတမာ တည်ဆောက်ထားတဲ့ ဇာတ်အိမ်ကို ပြန်လည် ဖြိုချနိုင်ပါတယ်။

RefuseSilence.png

ကိုယ်ပိုင်အတွေ့အကြုံတွေဟာ အသံပိတ်ခံရခြင်း၊ ကွယ်ဝှက်ခံရခြင်းတို့ကို ခုခံတဲ့ အင်အားတစ်ရပ် ဖြစ်လာပါတယ်။

ပွားအောင်မြင်မှုမှသည် အောက်ခြေလူတန်းစား တော်လှန်ရေးသို့။ မခိုင်ယဉ်မွန်၏ ဇာတ်လမ်း​

မခိုင်ယဉ်မွန်ရဲ့ ဖန်တီးမှုကို ကြည့်မယ်ဆိုရင် နှုတ်ပိတ်နေရမှုကို ပြန်စိန်ခေါ်ခြင်း၊ ဇာတ်လမ်းအာဘော်ကို ပြန်လည် သိမ်းပိုက်ခြင်း၊ ကိုယ်ပိုင် အတွေ့အကြုံကို စုပေါင်း စွမ်းအား အနေနဲ့ ပြောင်းလဲခြင်းစတဲ့ ဖီးမနစ် ဇာတ်လမ်း တင်ဆက်ခြင်းရဲ့ စွမ်းပကားကို မြင်တွေ့နိုင်ပါတယ်။ နေရပ်စွန့်ခွာရမှု၊ ခုခံတော်လှန်မှု၊ အမျိုးသမီး ကျန်းမာရေး၊ ယဉ်ကျေးမှု စရိုက်လက္ခဏာ၊ အဝေးရောက် ဘဝစတာတွေကို ပွင့်ပွင့်လင်းလင်း ပြောကြားခြင်းအားဖြင့် သမရိုးကျ အနေအထားမှာ လျစ်လျှူရှုခံရလေ့ရှိတဲ့ အတွေ့အကြုံတွေအတွက် နေရာတစ်ခု ဖန်တီးပေးလာနိုင်ပါတယ်။

 

သူမရဲ့ ဇာတ်လမ်းတင်ဆက်မှုဟာ သူမရဲ့ ကိုယ်ပိုင်ဇာတ်လမ်းကို ပြောပြရုံ သက်သက်မျှသာ မဟုတ်ဘဲ တခြားသော အမျိုးသမီးတွေရဲ့ အသံတွေကို ပိုပြီးကျယ်လောင်စေသလို၊ ပဋိပက္ခဒဏ်သင့် လူ့အသိုင်းအဝိုင်းတွေရဲ့ ယဉ်ကျေးမှု ထိန်းသိမ်းရေး၊ သွေးစည်းညီညွတ်ရေးတွေအကြောင်းကိုပါ ပြောသွားတာ ဖြစ်ပါတယ်။ သူမ လုပ်ပေးနေတဲ့ ရပ်ရွာရေဒီယို အသံလွှင့်ခြင်း လုပ်ငန်းကနေ အမျိုးသမီး ဇာတ်လမ်းများဟာ ဒဏ်ရာကုစားရေး၊ ခုခံတော်လှန်ရေးနဲ့ လူမှုအပြောင်းအလဲတို့ အတွက် လက်နက်ကိရိယာတစ်ခု ဖြစ်နိုင်တယ်ဆိုတာကို သက်သေပြသွားခဲ့ပါတယ်။

“စစ်ပွဲ၊ နေရပ်စွန့်ခွာမှုနဲ တက်ကြွလှုပ်ရှားမှုတွေကို ဖြတ်သန်းနေရတဲ့ တခြား အမျိုးသမီးတွေနဲ့ စကားပြောကြည့်တဲ့အခါ ကျွန်မတို့ အနေနဲ့ ထမ်းပိုးထားရတဲ့ ဝန်တွေဟာ အတူတူပါပဲလားဆိုတာ သဘောပေါက်လာတယ်။ ဒါပေမယ့် ဒီဇာတ်လမ်းတွေကို မျှဝေတဲ့အခါ ဒီဝန်ထုပ်ဝန်ပိုးတွေ ပေါ့သွားသလို ခံစားရတယ်။”

feminist_storytelling_bg_1080x1920_edited.jpg
“အထူးသဖြင့် နေရပ်စွန့်ခွာရသူများကြားမှာ ဒီလိုကိစ္စတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးလေ့ မရှိကြပါဘူး။ ဒါပေမယ့် ကျန်းမာခြင်းဟာ လာဘ်တစ်ပါးပါပဲ။ အမျိုးသမီးတွေ အနေနဲ့ ကိုယ့် ခန္ဓာကိုယ် အကြောင်း ကိုယ်နားမလည်ဘူးဆိုရင် သူတို့အနေနဲ့ ကိုယ့်ကိုယ်ကို ဘယ်လို ကာကွယ်နိုင်ပါ့မလဲ”

- မခိုင်ယဉ်မွန်

ဖီးမနစ်ဝါဒအကြောင်း နာမည်မကြားဖူးခင်ကပင် စတင် သင်ယူခြင်း။ VERSE ၏ ဇာတ်လမ်း​

Verse.jpg

Verse ရဲ့ ဖန်တီးမှုကို ကြည့်မယ်ဆိုရင် ဖီးမနစ် ဇာတ်လမ်း တင်ဆက်ခြင်းပုံစံဟာ လိင်ပိုင်းဆိုင်ရာ ဘက်လိုက်မှု အမြင်ကို စိန်ခေါ်ထားပြီး၊ အမျိုးသမီးတွေရဲ့ အတွေ့အကြုံတွေကို မီးမောင်းထိုးပြထားတဲ့အပြင် ကိုယ်ချင်းစာနာစိတ် ဖြစ်အောင်ပါ တင်ပြနိုင်တာကို တွေ့ရပါတယ်။ ရုပ်ရှင်ကတဆင့် အမျိုးသမီးတွေရဲ့ စိတ်ခံစားချက်တွေ၊ ရုန်းကန်ရမှုတွေ၊ ခုခံတိုက်ပွဲရမှုတွေကို အဓိက တင်ဆက်သွားပြီး ဇာတ်လမ်းတင်ဆက်ရင်းကနေ အမျိုးသမီးတွေကို ပါးစပ်ပိတ်ထားတဲ့၊ သိမ်ငယ်စေတဲ့ စနစ်တွေ၊ အကျင့်စရိုက်တွေကိုပါ မေးခွန်းထုတ်သွားပါတယ်။

​

သူမကိုယ်တိုင် တွေ့ကြုံခဲ့ရတဲ့ ခွဲခြားခံရမှု၊ ထိပါးနှောင့်ယှက်မှုတွေကြောင့် အမျိုးသမီးများရဲ့ ပကတိ အခြေအနေတွေကို အသားပေးတဲ့ ဇာတ်လမ်းတွေကို အဓိက တင်ဆက်လာစေခဲ့ပါတယ်။ သူမရဲ့ ရုပ်ရှင်တွေမှာ အမျိုးသမီးတွေကို ဂုဏ်သိက္ခာ၊ အရောင်စုံလင်စွာ၊ ကိုယ်ပိုင်အယူအဆရှိသူအဖြစ် မြင်လာအောင် တင်ဆက်ရင်း အကြမ်းဖက်မှု၊ ရှုတ်ချမှုနဲ့ ဖိုဝါဒနှုန်းစံတွေကို စိန်ခေါ်ထားတာ တွေ့ရပါတယ်။

​

လိင်နဲ့ ပတ်သက်လို့ သူမနားလည်သိမြင်မှုမှာ သူမရဲ့ အဖွားဟာ အရေးကြီးတဲ့ ပုံသက်သေတစ်ခု ဖြစ်ပါတယ်။ လိင်အုပ်စုဆိုတဲ့ ဘောင်ခတ်မှုကို လက်ခံဖို့ ငြင်းဆန်တဲ့ ဒီအမျိုးသမီးကြီးကို ကြည့်ပြီး သူမ ကြီးပြင်းလာခဲ့တာ ဖြစ်ပါတယ်။ သတင်းထောက်၊ ရုပ်ရှင်ဖန်တီးသူ၊ ဆော်ဩသူ စတဲ့ သူမရဲ့ ကိုယ်ပိုင် အတွေ့အကြုံတွေကို ပေါင်းစပ်ပြီးတော့ အမျိုးသမီးတွေဟာ ကိုယ့်ဘဝကို ကိုယ် သတ်မှတ်ပြဋ္ဌာန်းခွင့်ရှိတယ်ဆိုတဲ့ ယုံကြည်ချက် တစ်ခု ရရှိလာခဲ့ပါတယ်။ သူမရဲ့ ဖန်တီးမှုကို ကြည့်မယ်ဆိုရင် ဖီးမနစ် ဇာတ်လမ်းတင်ဆက်မှုဟာ ခုခံတော်လှန်မှု၊ ကိုယ်ချင်းစာနာမှု၊ ဘယ်သူ့ဇာတ်လမ်းကို နားထောင်မှာလဲဆိုတဲ့ အချက်ကို ပြန်လည်ရယူမှု တစ်ခု ဖြစ်တယ်ဆိုတာကို ပြသထားပါတယ်။

“ရုပ်ရှင်ကနေတဆင့် ကြည့်ရှုသူတွေ အနေနဲ့ အမျိုးသမီးတွေရဲ့ ခံစားချက်တွေ၊ ဖြစ်တည်မှုတွေ၊ အဖိနှိပ်ခံနေရမှုတွေကို အမြင်သစ်တွေနဲ့ ကြည့်မြင်တတ်လာပြီး ကိုယ်ချင်းစာစေချင်ပါတယ်။ ကျွန်မစိတ်ထဲမှာတော့ သူတို့ အကြောင်းကိုပဲ အမြဲစဉ်းစားနေမိပါတယ်။”

Women1.png

“အမျိုးသမီးတွေ အနေနဲ့လည်း တန်းတူညီမျှမှု၊ ဂုဏ်သိက္ခာ၊ ကိုယ့်ဘဝကိုကိုယ် သတ်မှတ်ပြဋ္ဌာန်းခွင့်ရှိတဲ့ လွတ်လပ်မှုတွေနဲ့ ထိုက်တန်ကြပါတယ်။”

- Verse

PushBack.png

Global Voices သို့ ပံ့ပိုးခြင်း​

Exile Hub က ပြုလုပ်တဲ့ ဖီးမနစ် ဇာတ်လမ်းတင်ဆက်ခြင်း ထောက်ပံ့ကြေး အစီအစဉ်ကို Global Voices မှာ ဖတ်ရှုနိုင်ပါတယ်။ Global Voices ဟာဆိုရင် နယ်စည်းများ ဖြတ်ကျော်ပြီးတော့ နားလည်မှုတွေ တည်ဆောက်နိုင်စေဖို့ အင်တာနက် အကူအညီနဲ့ ဇာတ်လမ်းတွေ တင်ဆက်ပေးနေတဲ့ နိုင်ငံတကာက ဘာသာစကားစုံ အသိုက်အဝန်းတစ်ခုဖြစ်ပြီး စာရေးဆရာ၊ ဘာသာပြန်ဆရာ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ ပါဝင်ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ခု ဖြစ်ပါတယ်။

PushBack-English.jpg
RefuseSilence-English.jpg
DriveChange-English.jpg

တခြား ကမ်ပိန်းများ ကြည့်ရန်

No posts published in this language yet
Once posts are published, you’ll see them here.
bottom of page