
ကျွန်ုပ်တို့၏ အဖွဲ့သားများ
Exile Hub ဝန်ထမ်းအဖွဲ့အနေနဲ့ ယခင်နဲ့ ယခု သတင်းမီဒီယာ လောကကမှာ ကျင်လည်ခဲ့ကြသူတွေ၊ ဥပဒေနဲ့ ဒစ်ဂျစ်တယ် လုံခြုံရေးပိုင်း ကျွမ်းကျင်သူတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ စိတ်ကျန်းမာရေး၊ စိတ်လူမှုအကူအညီနဲ့ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင် ပုဂ္ဂိုလ်တွေကို စုစည်းချိတ်ဆက်ထားပါတယ်။ ဒီလူတွေနဲ့ လက်တွဲပြီးတော့ Exile Hub ဝန်ထမ်းအဖွဲ့ဟာဆိုရင် ပြည်တွင်း၊ ပြည်ပက အရေးကြီးတဲ့ အသံတွေကို ဘက်ပေါင်းစုံကနေ ပံ့ပိုးကူညီမှုတွေ ပြုလုပ်ပေးနိုင်ပြီ ဖြစ်ပါတယ်။
ကျွန်မတို့ လုပ်ကိုင်ဆောင်ရွက်မှုပုံစံကို ပုံသွင်းတဲ့နေရာမှာ ကျွန်မတို့ ပံ့ပိုးကူညီလျက်ရှိတဲ့ လူပုဂ္ဂိုလ်များနဲ့ အစုအဖွဲ့များရဲ့ အသိပညာ၊ အတွေ့အကြုံနဲ့ ခေါင်းဆောင်မှုတွေ လေ့လာပါတယ်။ fellow များနဲ့ အ သိုင်းအဝိုင်းမှာ ပါဝင်နေကြသူတွေကနေ အသိပညာတွေ၊ ဇာတ်လမ်းတွေ၊ ခေါင်းဆောင်မှုတွေ၊ အချိတ်အဆက်တွေ မျှဝေပေးကြပြီးတော့ ဒါတွေနဲ့ပဲ ဂေဟစနစ်ကြီး တစ်ခုလုံးကို အားကောင်းစေပါတယ်။
ကျွန်ုပ်တို့အဖွဲ့
ကျွန်ုပ်တို့၏ ညွှန်ကြားရေးဘုတ်အဖွဲ့
Exile Hub ၏ ဒါရိုက်တာအဖွဲ့သည် အုပ်ချုပ်မှုနှင့် ကြီးကြပ်မှုတာဝန်များကို ဆောင်ရွက်ပေးပြီး အဖွဲ့အစည်း၏ ဦးတည်ချက်နှင့် ဦးစားပေးလုပ်ငန်းများကို လမ်းညွှန်ရာတွင် ကူညီပေးပါသည်။ ဘုတ်အဖွဲ့ဝင်များသည် ၎င်းတို့၏ အမြင်များနှင့် အတွေ့အကြုံများကို ယူဆောင်လာကာ Exile Hub ၏ ရည်မှန်းချက်နှင့် အဖွဲ့အစည်းက ဝန်ဆောင်မှုပေးနေသော လူများနှင့် လူထုအသိုင်းအဝိုင်းများကို ပံ့ပိုးကူညီပါသည်။
ဘုတ်အဖွဲ့တွင် အဖွဲ့ဝင် အများဆုံး ၁၅ ဦးအထိ ပါဝင်ပါသည်။ အဖွဲ့ဝင်များကို မြေပြင်အဖွဲ့မှ အမည်စာရင်းတင်သွင်းပြီး တစ်နှစ်သက်တမ်းဖြင့် ခန့်အပ်ပါသည်။ ၎င်းတို့သည် ဆက်ခံမည့်သူများကို ရွေးကောက်တင်မြှောက်ပြီး အရည်အချင်းပြည့်မီကြောင်း အတည်ပြုသည်အထိ ဆက်လက်တာဝန်ထမ်းဆောင်ပါသည်။



















