
မိတ်ဖက်အဖွဲ့အစည်းများ
မိတ်ဖက်ဖွဲ့စည်းမှုများဟာ Exile Hub အလုပ်လုပ်တဲ့ နေရာမှာ ကြီးမားတဲ့ အစိတ်အပိုင်းတစ်ရပ် ဖြစ်ပါတယ်။ ဘေးအန္တရာယ် မြင့်မားပြီး အမြဲတစေ ပြောင်းလဲနေတဲ့ အနေအထားမှာ အဖွဲ့အစည်း တစ်ခုတည်းကနေပြီးတော့ပဲ လူ့အခွင့်အရေး တိုက်ပွဲဝင်နေသူတွေကို ဒိုင်ခံ အကူအညီပေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကျွန်မတို့အနေနဲ့ ယုံကြည်စိတ်ချရတဲ့ မိတ်ဖက် အဖွဲ့အစည်းများနဲ့ လုပ်ကိုင်ဆောင်ရွက်လေ့ရှိပြီး ဒီအဖွဲ့အစည်းတွေကနေ ကျွမ်းကျင်မှု အမျိုးမျိုး၊ အတွေ့အကြုံနဲ့ ချိတ်ဆက်မှုပေါင်းစုံကို ဖြည့်ဆည်းပေးကြပါတယ်။ လိုအပ်ချက် အလိုက် တခြားအဖွဲ့ထံ ရည်ညွှန်းပေးခြင်း၊ အထူးပံ့ပိုးကူညီမှုနဲ့ သင်တန်း၊ လုပ်ငန်းကျွမ်းကျင်မှု တိုးတက်စေရေးနဲ့ အခြား လက်တွေ့ကျတဲ့ အကူအညီတွေအထိ ဖြည့်စွက်ပေးလေ့ ရှိကြပါတယ်။
ကျွန်မတို့ရဲ့ မိတ်ဖက်အဖွဲ့အစည်းတွေထဲက တချို့ကို အောက်မှာ ဖော်ပြပေးထားပါတယ်

ပေါ့ကတ်စ် ဖန်တီးမှု သင်တန်းနဲ့ အလုပ်ရုံ ဆွေးနွေးပွဲတွေ ပြုလုပ်ပေးနိုင်ဖို့၊ fellow များနဲ့ ရေရှည်ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်နိုင်ဖို့ရာအတွက် Burma Podcast Network ဟာ Exile Hub နဲ့ အတူ ပူးပေါင်း ဆောင်ရွက်လျက် ရှိပါတယ်။

DigiSec Lab — ၂၀၂၁ ခုနှစ်ကတည်းကစပြီးတော့ မြန်မာနိုင်ငံ တိုင်းရင်းသား သတင်းဌာနများ၊ အရပ်ဘက်အဖွဲ့အစည်းများ (CSOs)၊ အစိုးရ မဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများ (iNGOs)၊ တက်ကြွလှုပ်ရှားသူများနဲ့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး အသင်းအဖွဲ့များကို ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတစ်ရပ် ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်က စတင်ပြီးတော့ Free Press Unlimited ဟာ Exile Hubည နဲ့ လက်တွဲပြီး မြန်မာ သတင်းမီဒီယာ လောကသားတွေ အတွက် ဘေးကင်းလုံခြုံမှုနဲ့ ကြံ့ခိုင်မှု စွမ်းရည် မြင့်မားစေဖို့ ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။ သုတေသန၊ အရေးပေါ် တုံ့ပြန်ဆောင်ရွက်မှုနဲ့ သတင်းလွတ်လပ်ခွင့်တို့ အတွက်ပါ တခါတည်း ပံ့ပိုးကူညီပေးပါတယ်။

Exile Hub ကိုယ်တိုင်လည်း ဒီကွန်ယက်အဖွဲ့ဝင်ဖြစ်ပါတယ်။ ဒီကွန်ယက် အဖွဲ့ဝင်များဟာဆိုရင် အများပြည်သူ အကျိုးစီးပွားနဲ့ အရပ်ဘက် သတင်းအချက်အလက် ကဏ္ဍ ဇာတ်ကောင်များရဲ့ ကမ္ဘာလုံးဆိုင်ရာ အဝန်းအဝိုင်းကို သူတို့ကို ထောက်ပံ့ကူညီပေးနေသူတွေ၊ သူတို့ အနာဂတ်ကို ဆုံးဖြတ်ပေးနိုင်တဲ့ ယန္တရားအဖ ွဲ့အစည်းကြီးတွေနဲ့ ဂေဟစနစ်ကြီးတစ်ခုလုံးစာ ချိတ်ဆက်ပေးနေတဲ့ ကွန်ယက်ကြီး ဖြစ်ပါတယ်။

Global Voices အဖွဲ့ကနေ Exile Hub fellow များရဲ့ ဖန်တီးရေးသားမှုများကို ပုံနှိပ်ထုတ်ဝေခြင်း၊ ဘာသာပြန်ဆိုခြင်း၊ နိုင်ငံတကာ စာဖတ်သူတွေထံ ရောက်အောင် ပြုလုပ်ပေးခြင်း၊ ဖီးမနစ် ဇာတ်လမ်းများ အတွက် အထူး သီးသန့် ဒစ်ဂျစ်တယ် ရပ်ဝန်းများ ဖန်တီးပေးခြင်း စတာတွေ အပြင် အမှီအခိုကင်းပြီး ဖီးမနစ်ဆန်တဲ့ အသံတွေ ပိုပြီး ထင်ထင်ရှားရှား ထွက်ပေါ်စေဖို့နဲ့ သက်ရောက်မှု အားကောင်းစေဖို့ နယ်စည်းဖြတ်ကျော် သတင်း ပူးပေါင်းရေးသားမှုတွေကို ပျိုးထောင်ပေးလျက် ရှိပါတယ်။

How She Did It ဆိုတာကတော့ အမျိုးသမီး ကျွမ်းကျင်သူတွေ အတွက် အလုပ်အကိုင် ရှာဖွေပေးနေတဲ့ အဖွဲ့အစည်း တစ်ခု ဖြစ်ပါတယ်။ အမျိုးသမီးတွေကို သင်တန်းပေးခြင်း၊ အနီးကပ် လေ့ကျင့်ပေးခြင်း၊ စီးပွားရေး အခွင့်အလမ်းများ ဖန်တီးပေးခြင်းတို့ကို ပြုလုပ်ပေးလျက် ရှိပါတယ်။ Zin Yaw Women Rising program မှာ ကျွန်မတို့နဲ့ အတူ ပူးပေါင်း ဆောင်ရွက်ပြီးတော့ လူ့အခွင့်အရေး တိုက်ပွဲဝင်နေသူတွေ အနေနဲ့ ဒစ်ဂျစ်တယ် အသက်မွေးမှုဆိုင်ရာ ကျွမ်းကျင်မှုတွေ ဖွံ့ဖြိုးလာစေဖို့၊ အတွေ့အကြုံ မျှဝေဖို့၊ အချင်းချင်းဆီက လေ့လာနိုင်ဖို့၊ ဖီးမနစ်ဆန်ပြီး စိတ်ဒဏ်ရာဂရုပြု ချဉ်းကပ်နည်းလမ်းများကတဆင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုနဲ့ ခေါင်းဆောင်မှုတွေ တည်ဆောက်နိုင်စေဖို့ ရပ်ဝန်းတွေ ဖန်တီးပေးလျက်ရှိပါတယ်။

လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) ဟာ သတင်း မီဒီယာ လွတ်လပ်ခွင့်၊ သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေးနဲ့ သတင်း မီဒီယာ စံနှုန်းများကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ မြန်မာနိုင်ငံအတွက် ကြံ့ခိုင်မှု အားကောင်းပြီး အမှီအခိုကင်းတဲ့ သတင်းမီဒီယာ ဖြစ်ထွန်းစေရေးကို ရည်ရွယ်ပြီး Exile Hub ဟာ IPCM နဲ့ လက်တွဲပြီး သတင်းထောက်များ ဘေးကင်းလုံခြုံရေး၊ အရေးပေါ် ပံ့ပိုးကူညီရေးနဲ့ အဝေးရောက် သတင်းမီဒီယာလုပ်ငန်းမှာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေ ဖြစ်ပေါ်လာပါက ကိုင်တွယ်ဖြေရှင်းရေးတို့အတွက် ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ်ကတည်းက စပြီးတော့ Exile Hub ဟာ အာရှ ဘာသာစကားများနှင့် ယဉ်ကျေးမှုများဆိုင်ရာ သုတေသန သိပ္ပံ (RILCA)၊ မဟီဒေါ တက္ကသိုလ် နဲ့ ပူးပေါင်းပြီးတော့ ထိုင်းနိုင်ငံမှာ နေထိုင်ကြတဲ့ fellow များ အတွက် ထိုင်းနဲ့ အင်္ဂလိပ် ဘာသာစကား လေ့ကျင့်သင်ကြားမှုများ ပြုလုပ်ပေးခဲ့ပါတယ်။ ဒီ ပူးပေါင်း ဆောင်ရွက်ရေး အစီအစဉ်မှာတော့ တက်ရောက်သူတွေရဲ့ ဆက်ဆံရေး ကျွမ်းကျင်မှု မြင့်မားလာစေဖို့နဲ့ ထိုင်းနိုင်ငံ နေထိုင်ကြတဲ့ အခါ လူမှုဘဝပုံစံသစ်နဲ့ လိုက်လျောညီထွေ နေထိုင်နိုင်အောင် အကူအညီပေးနိုင်ဖို့ ဖြစ်ပြီး၊ လုပ်ငန်းကျွမ်းကျင်မှုနဲ့ ပညာရေး အခွင့်အလမ်းတွေ ပိုမို ရရှိလာနိုင်စေဖို့လည်း ရည်ရွယ်ပါတယ်။

မြန်မာ့ဒစ်ဂျစ်တယ် ရပ်ဝန်းက အရေးကိစ္စတွေကို နှစ်ပေါင်းများစွာ ကိုင်တွယ် ဖြေရှင်းဖူးတဲ့ အတွေ့အကြုံရှိတဲ့ သုတေသီတွေ၊ လက်တွေ့ ဆောင်ရွက်နေသူတွေ၊ ဆော်ဩအရေးဆိုသူတွေ စုပေါင်းပြီးတော့ ၂၀၂၂ ခုနှစ်မှာ The Myanmar Internet Project ကို စတင် ထူထောင်ခဲ့ပါတယ်။

MWiM သည် အမျိုးသမီးဝါဒ (feminist) မူများကို အခြေခံထားသော မီဒီယာကျွမ်းကျင်ပညာရှင် ကွန်ရက်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၏ မီဒီယာနယ်ပယ်တွင် ပြောင်းလဲတိုးတက်မှုကို ပံ့ပိုးပေးသည်။ Exile Hub သည် အထူးသဖြင့် အမျိုးသမီးမီဒီယာကျွမ်းကျင်ပညာရှင်များဖြစ်သော မြန်မာသတင်းထောက်များကို ပံ့ပိုးကာကွယ်ရန် MWiM နှင့်အတူ လုပ်ဆောင်သည်။ ၎င်းတွင် အရေးပေါ်ငွေကြေးအကူအညီ၊ ဥပဒေဆိုင်ရာစာရွက်စာတမ်းအကူအညီနှင့် စိတ်ကျန်းမာရေးနှင့် စိတ်လူမှုရေးပံ့ပိုးစောင့်ရှောက်မှု (MHPSS) တို့အပါအဝင် အရေးပေါ်ပံ့ပိုးကူညီမှုများပေးခြင်း၊ လွတ်လပ်သော မြန်မာမီဒီယာအဖွဲ့အစည်းများ အားလုံးတွင် လိင်ပိုင်းဆိုင်ရာ အနိုင်မခံရမှု တုံ့ပြန်ဆောင်ရွက်မှုစနစ်များကို အကောင်အထည်ဖော်ခြင်းတို့ ပါဝင်သည်။ MwiM ဟာ ဖီးမနစ် အခြေခံမူတွေကို ကိုင်စွဲထားတဲ့ သတင်းမီဒီယာသမားများ ကွန်ယက်တစ်ရပ်တစ်ခုဖြစ်ပြီး မြန်မာ့သတင်းမီဒီယာ ဂေဟစနစ်ကြီး တစ်ခုလုံးကို လုံးဝ ပြောင်းလဲနိုင်ဖို့ ပံ့ပိုးကူညီပေးလျက်ရှိပါတယ်။ Exile Hub အနေနဲ့ မြန်မာသတင်းထောက်တွေ၊ အထူးသဖြင့် အမျိုးသမီး စာနယ်ဇင်းသမားတွေကို ပံ့ပိုးကူညီဖို့နဲ့ အကာအကွယ်ပေးဖို့ MwiM နဲ့ အတူ လက်တွဲဆောင်ရွက်လျက်ရှိပါတယ်။ ဒီပူးပေါင်းဆောင်ရွက်မှုတွေမှာ အရေးပေါ် ရန်ပုံငွေ၊ ဥပဒေရေးရာ စာရွက်စာတမ်းများကိစ္စ အကူအညီပေးခြင်း၊ စိတ်ကျန်းမာရေးနဲ့ စိတ်လူမှု အကူအညီ စတဲ့ အရေးပေါ် ပံ့ပိုးကူညီမှုတွေ ပါဝင်တဲ့ အပြင် လွတ်လပ်တဲ့ မြန်မာ့သတင်းမီဒီယာ အဖွဲ့အစည်းတွေကြားမှာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေကို အမှန်တကယ် အရေးယူနိုင်မယ့် ယန္တရာများ အသက်ဝင်စေရေး လုပ်ငန်းတွေလည်းပါဝင်ပါတယ်။

Overseas Irrawaddy Association ကနေ လိုအပ်ချက်ရှိနေတဲ့ လူတစ်ဦးချင်းစီနဲ့ အစုအဖွဲ့တွေကို လူသားချင်း စာနာထောက်ထားရေး အကူအညီတွေနဲ့ အစုအဖွဲ့ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီတွေ ဖြည့်ဆည်းပေးလျက်ရှိပြီးတော့ လက်ငင်းကြုံနေရတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးခြင်း၊ ဂုဏ်သိက္ခာ၊ ကြံ့ခိုင်မှုနဲ့ မေတ္တာတရားတို့ ထွန်းကားလာစေဖို့ ဆောင်ရွက်ပေးလျက်ရှိပါတယ်။

နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) — မြန်မာ သတင်းထောက်တွေကို ပံ့ပိုးကူညီမှုတွေပေးတဲ့ အစီအစဉ်တစ်ရပ်ဖြစ်တဲ့ Myanmar Press Freedom Project ကို အကောင်အထည်ဖော်ရာမှာ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ဟာ Exile Hub နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။

Thomson Reuters Foundation ရဲ့ ကမ္ဘာလုံးဆိုင်ရာ အခမဲ့ ဥပဒေ အကျိုးဆောင် ကွန်ယက် ဖြစ်ပြီးတော့ အရပ်ဘက် အဖွဲ့အစည်းနဲ့ အမှီအခိုကင်းတဲ့ မီဒီယာကို ဥပဒေကျွမ်းကျင်မှု တွေနဲ့ ချိတ်ဆက် ပံ့ပိုးပေးလျက်ရှိပါတယ်။ Exile Hub ဟာလည်း ဒီကွန်ယက်မှာ အဖွဲ့ဝင်အဖြစ် ပါဝင်လျက်ရှိပါတယ်။ TrustLaw မှာ အဖွဲ့ဝင်ဖြစ်တဲ့အတွက် Exile Hub အနေနဲ့ ဥပဒေရေးရာ လမ်းညွှန်ချက်တွေ၊ အခမဲ့ ဥပဒေရေးရာ ပံ့ပိုးမှု၊ NGO အုပ်ချုပ်ရေးဆိုင်ရာ စွမ်းရည်မြှင့်တင်ရေး၊ အလုပ်သမားဥပဒေ၊ စည်းကြပ်မှုဆိုင်ရာ လိုက်နာဆောင်ရွက်မှု၊ သတင်းလွတ်လပ်ခွင့်အပေါ် ထိခိုက်စေမယ့် အရေးကိစ္စများစတာတွေကို လက်လှမ်းမီစေပါတယ်။ ဒီပံ့ပိုး ကူညီမှုတွေကြောင့် ကျွန်မတို့ရဲ့ အဖွဲ့အစည်းပိုင်း ကြံ့ခိုင်မှုပိုင်းမှာ အားကောင်းစေပြီး၊ ခြိမ်းခြောက်မှုတွေ တွေ့ကြုံနေရတဲ့ လွတ်လပ်တဲ့ သတင်း မီဒီယာတွေ၊ သတင်းထောက်တွေနဲ့ လုပ်ကိုင်ရာမှာ အထောက်အကူ ဖြစ်စေပါတယ်။

Olive Educational Development Center (OEDC) သည် ဒစ်ဂျစ်တယ် အခြေခံ သိနားလည်မှု၊ ဆော်ဩမှု၊ စာနယ်ဇင်း၊ မီဒီယာ အခြေခံအသိနဲ့ ဘာသာစကား လေ့ကျင့်သင်ကြားရေးတို့ကို ပြုလုပ်ပေးပါတယ်။ Exile Hub နဲ့ OEDC ပူးပေါင်းပြီးတော့ မြန်မာနိုင်ငံ လူ့အခွင့်အရေး တိုက်ပွဲဝင်နေသူတွေ အတွက် ကျွမ်းကျင်မှုနဲ့ စွမ်းရည် မြင့်မားရေး သင်တန်းတွေ ပြုလုပ်ပေးပါတယ်။
လက်တွဲဆောင်ရွက်ရန် စိတ်ဝင်စားပါသလား။
လူ့အခွင့်အရေး တိုက်ပွဲဝင်နေသူတွေကို တစိုက်မတ်မတ် ပံ့ပိုးကူညီသွားနိုင်ရေး၊ သူတို့ လုပ်ငန်းမှီတည်ရာ ဂေဟစနစ်တစ်ရပ်လုံးကို အားကောင်းလာစေရေး စတဲ့ ရည်မှန်းချက်တွေမှာ ကျွန်မတို့လို့ သဘောထားရှိတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ ကျွန်မတို့နဲ့ ဆက်သွယ်စကားပြောလိုတယ်ဆိုရင် အချိန်မရွေး ကြိုဆိုပါတယ်။ ကျွန်မတို့ကို ဆက်သွယ်ပြီး လက်တွဲဆောင်ရွက်နိုင်စရာ နည်းလမ်းတွေကို ဝိုင်းဝန်းရှာဖွေကြည့်ရအောင်ပါ။

