top of page
< နောက်သို့

နိုင်ငံရေး အကျဉ်းသူဟောင်းများအတွက် ဆော်ဩရေးဆိုင်ရာ ထောက်ပံ့ကြေး

အရေးဆိုဆော်ဩမှုဆိုင်ရာ ထောက်ပံ့ကြေးဟာ ဘေးဒုက္ခတွေ့ကြုံခံစားရပြီးသည့်တိုင် ဆက်လက် တော်လှန်နေဆဲ အမျိုးသမီးများအတွက် ဖြစ်ပါတယ်။

မြန်မာနိုင်ငံရေးအကျဉ်းသူဟောင်းများအတွက် ရည်ရွယ်ပေးအပ်တဲ့ ဒီအသေးစား ထောက်ပံ့ကြေးဟာ စည်းကမ်းသတ်မှတ်ချက် မများလှဘဲ မြန်မြန်ဆန်ဆန် ပေးအပ်လေ့ရှိပါတယ်။ အရင်ရပ်တည်ခဲ့တဲ့နေရာ အဆင့်အတန်းကို ပြန်လည် ရယူနိုင်ရေး၊ လုံခြုံမှုပိုမိုရရှိရေးနဲ့ ကိုယ်ပိုင်နိုင်ငံရေးရပ်တည်ချက်ကို ဆက်လက် ကိုင်စွဲထားနိုင်ရေး အတွက် အထောက်အပံ့ဖြစ်စေဖို့ ရည်ရွယ်ပါတယ်။

အိမ်ငှားခ၊ ဆေးကုသစရိတ်၊ ဒစ်ဂျစ်တယ်လုံခြုံရေးတိုးမြှင့်ရေး၊ ဥပဒေရေးရော တိုင်ပင်ဆွေးနွေးရေး၊ ပေါ့ကတ်စ် ထုတ်လုပ်ရေး စတဲ့ ဘယ်ကိစ္စမျိုးမှာပဲ ဖြစ်ဖြစ် အသုံးပြုနိုင်ပါတယ်။ ဒီထောက်ပံ့ကြေးဟာ သွေးစည်းညီညွတ်ရေးရဲ့ ပြယုဂ်ဖြစ်ပါတယ်။ သင့်ရဲ့ နာကျင်မှုဝေဒနာ၊ ဇွဲသတ္တိနဲ့ အစွမ်းသတ္တိတို့ကို အသိအမှတ်ပြုတာပဲ ဖြစ်ပါတယ်။

ဒဏ်ရာတွေကုစားခြင်းဟာလည်း ခုခံတွန်းလှန်မှုဖြစ်သလို သင်ရဲ့ ဆက်လက်ရှင်သန်ခြင်းဟာလည်း တော်လှန်ရေးပဲ ဖြစ်ပါတယ်။ ဒါဟာ ရန်ပုံငွေ ထောက်ပံ့ခြင်း သက်သက် မဟုတ်ပါဘူး။ ဒါဟာ နိုင်ငံရေး အကျဉ်းသားတွေကို မေ့မထားတဲ့ လောကသစ်ကို တည်ဆောက်နေခြင်းဖြစ်ပါတယ်။ ဒီလောကသစ်မှာ သူတို့ကို အားအင်ဖြည့်တင်းပေးသလို၊ လေးစားဂုဏ်ယူမှုပြုပါတယ်၊ စွမ်းရည်မြှင့်တင်ပေးပါတယ်။

ဒါဟာ သင့်ရဲ့ ရပ်ဝန်း၊ သင့်ရဲ့ ဇာတ်လမ်း၊ သင့်ရဲ့ အသံဖြစ်ပါတယ်။

မြန်မာနိုင်ငံရေးအကျဉ်းသူဟောင်းများအတွက် အထူးရည်ရွယ်ပြီး ဒီစည်းကမ်းသတ်မှတ်ချက် မများလှဘဲ အလျင်အမြန် ပေးအပ်လေ့ရှိတဲ့ ထောက်ပံ့ငွေများဟာဆိုရင် သူတို့ရဲ့ ဒဏ်ရာကုစားရေး၊ လုံခြုံရေးနဲ့ နိုင်ငံရေးဩဇာပြန်လည်ရယူနိုင်ရေးမှာ အထောက်အပံ့ဖြစ်စေဖို့ ရည်ရွယ်ပါတယ်။

အိမ်ငှားခ၊ ဆေးကုသစရိတ်၊ ဒစ်ဂျစ်တယ်လုံခြုံရေးတိုးမြှင့်ရေး၊ ဥပဒေရေးရော တိုင်ပင်ဆွေးနွေးရေး၊ ပေါ့ကတ်စ် လွှင့်တင်ရေး စတဲ့ ဘယ်ကိစ္စမျိုးပဲ ဖြစ်ဖြစ် ဒီရန်ပုံငွေဟာ သင့်ကိုယ်ပိုင်ဆုံးဖြတ်မှုကို အားပေးနိုင်ဖို့ အတွက်ပါ။ ဘာလုပ်ရမယ်လို့ သတ်မှတ်ညွှန်ကြားဖို့ မဟုတ်ပါဘူး။

ဒါဟာ လက်တွေ့ ဖီးမနစ် သွေးစည်းညီညွတ်ရေး အလုပ်ဖြစ်ပါတယ်။ ထောင်ကလွတ်ပြီးတဲ့နောက် တော်လှန်ရေးမှာ ဆက်လက်ပါဝင်နေတဲ့ အမျိုးသမီးများကို အားဖြည့်ပေးနိုင်ရေးအတွက် ရည်ရွယ် ချမှတ်ထားတဲ့ နိုင်ငံရေး သန္နိဋ္ဌာန်တစ်ရပ်ဖြစ်ပါတယ်။

ဒဏ်ရာတွေကုစားခြင်းဟာ တိုက်ပွဲကို ရပ်နားလိုက်တာ မဟုတ်ပါဘူး။ တိုက်ပွဲဝင်ခြင်းရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။
သင်ဆက်လက်ရှင်သန်နေခြင်းဟာ အသိအမှတ်ပြုမှုဆိုတာသာမက သင့်ဆီမှာ ရင်းနှီးထည့်ဝင်မှုတွေ ပြုလုပ်သွားဖို့ပါ လိုအပ်ပါတယ်။
သင်မပါတဲ့ အနာဂတ်တစ်ခု တည်ဆောက်သွားရေးကို ကျွန်မတို့ ငြင်းဆိုပါတယ်။
ဒါဟာ သင့်ကိုယ်ပိုင်ရပ်ဝန်း၊ သင့်စွမ်းအား၊ သင့်စည်းမျဉ်းသတ်မှတ်ချက်အတိုင်း ဖြစ်ရပါမယ်။
ဘာကြောင့်လျှောက်ထားသင့်သလဲ

ဘယ်သူတွေ လျှောက်သင့်သလဲ

ကိုယ့်လုံခြံရေး၊ ကိုယ်ရောစိတ်ပါကျန်းမာရေးနဲ့ ကိုယ်ပိုင် နိုင်ငံရေး ရပ်တည်ချက်ကို အားကောင်းစေလိုတဲ့ မြန်မာ နိုင်ငံရေးအကျဉ်းသူဟောင်းတွေ

အဓိကအကြောင်းအရာများ

အမျိုးသမီးအခွင့်အရေး၊ ဖီးမနစ်ဝါဒ၊ နိုင်ငံရေးဆိုင်ရာဆော်ဩအရေးဆိုမှု၊ ကုစားမှုနှင့် ချမ်းသာသုခ၊ ဘေးကင်းရေးနဲ့ လုံခြုံရေး၊ ကိုယ်ပိုင်နိုင်ငံရေးရပ်တည်ချက်

လျှောက်ထားခွင့်ရှိသူ

မြန်မာနိုင်ငံရေးအကျဉ်းသူဟောင်းများ။ လျှောက်လွှာများတင်သွင်းရာတွင် ယုံကြည်စိတ်ချရသော အဖွဲ့အစည်း၊ ဖီးမနစ်ကွန်ယက်မိတ်ဖက်အဖွဲ့၊ သတင်းထောက်အဖွဲ့အစည်း၊ အမျိုးသမီးအခွင့်အရေး ကာကွယ်စောင့်ရှောက်သူများအဖွဲ့ (WHRD) စသည့် အဖွဲ့အစည်းတစ်ခုခု၏ ထောက်ခံချက် လိုအပ်ပါသည်။

လိုအပ်သော စာရွက်စာတမ်းများ

ယုံကြည်စိတ်ချရသော အဖွဲ့အစည်း၊ ဖီးမနစ်ကွန်ယက်မိတ်ဖက်အဖွဲ့၊ သတင်းထောက်အဖွဲ့အစည်း၊ အမျိုးသမီးအခွင့်အရေး ကာကွယ်စောင့်ရှောက်သူ (WHRD) အဖွဲ့များ၏ ထောက်ခံချက်။

လျှောက်လွှာနောက်ဆုံးထားတင်သွင်းရမည့်ရက်

လက်ရှိဆောင်ရွက်ဆဲ

အခြားအချက်အလက်များ

အဓိကလိုအပ်သည့်အချက်အလက်များ
➔ ဘယ်သူတွေလျှောက်ထားနိုင်လဲ။ မြန်မာနိုင်ငံရေးအကျဉ်းသူဟောင်းများ။ သတ်မှတ်ကာလ။ ဇူလိုင် ၂၀၂၅ – ဇွန် ၂၀၂၆
➔ ဘယ်လိုလျှောက်ရမလဲ။ ယုံကြည်စိတ်ချရသော အဖွဲ့အစည်းများ၊ ဖီးမနစ်ကွန်ယက်မိတ်ဖက်အဖွဲ့၊ သတင်းထောက်အဖွဲ့အစည်း၊ အမျိုးသမီးအခွင့်အရေး ကာကွယ်စောင့်ရှောက်သူ (WHRD) အဖွဲ့များ၏ ထောက်ခံချက်။
➔ လျှောက်လွှာတင်သွင်းနိုင်သည့်ကာလ။ လျှောက်လွှာတင်သူများပေါ်မူတည် (ထောက်ပံ့ကြေး လက်ခံရရှိမည့်သူအား ရွေးချယ်ပြီးသည်နှင့် လျှောက်လွှာပိတ်မည်ဖြစ်)

bottom of page