မြန်မာအမျိုးသမီးများအတွက် ကလေးပြုစုစောင့်ရှောက်ရေး ထောက်ပံ့ကြေး။ “ရှေ့ဆက်ရေး ပံ့ပိုးကူညီမှု”
ပဋိပက္ခ၊ တက်ကြွလှုပ်ရှားမှုနဲ့ ကလေးပြုစုပျိုးထောင်ရေး စိန်ခေါ်မှုတွေကြား ဟန်ချက်ညီအောင် ထိန်းညှိနေရတဲ့ မြန်မာအမျိုးသမီးတွေတွက် အရေးကြီးတဲ့ အသက်ကယ် အကူအညီပေးနိုင်ဖို့ရာ အတွက် Exile Hub ရဲ့ “ရှေ့ဆက်ရေး ပံ့ပိုးကူညီမှု” ကလေးပြုစုပျိုးထောင်ရေးဆိုင်ရာ ရန်ပုံငွေကို ပေးအပ်ရန် စီစဉ်ရခြင်း ဖြစ်ပါတယ်။ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ပေးနေတဲ့ အမျိုးသမီးများ (WHRDs) အတွက် အဘက်ဘက်က ဖြည့်ဆည်းပေးဖို့ စဉ်းစားချက်နဲ့ feminist ဂရုပြုစောင့်ရှောက်ရေး မူဘောင်ကို အခြေခံပြီး ဒီရန်ပုံငွေကို ဖန်တီးပေးထားပါတယ်။ ဆိုလိုတာကတော့ ကျွန်မတို့အနေနဲ့ လူ့အခွင့်အရေးဆိုင် ကာကွယ်စောင့်ရှောက်သူ အမျိုးသမီးတွေကို တက်ကြွလှုပ်ရှားသူ၊ လူ့အခွင့်အရေး တိုက်ပွဲဝင်သူများ အဖြစ်သာ ရှုမြင်တာမျိုး မဟုတ်ဘဲ မိခင် တစ်ယောက်အနေနဲ့ပါ တာဝန်ယူနေရတယ်ဆိုတဲ့ အမျိုးသမီး တစ်ယောက်ရဲ့ တခြား ကဏ္ဍတွေ၊ ဇာတ်ရုပ်တွေကိုပါ အသိအမှတ်ပြုပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။ ဒီရန်ပုံငွေ အကူအညီနဲ့ အမျိုးသမီးတွေ ရင်ဆိုင်နေကြရတဲ့ ဝန်ထုပ်ဝန်ပိုးတွေကို လျှော့ချပေးနိုင်ဖို့၊ အထူးသဖြင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှေ့တန်းက မားမားမတ်မတ် တိုက်ပွဲဝင်နေသူများအတွက် မိခင်ဖြစ်ခြင်း၏ အရေးပါမှုကို အသိအမှတ်ပြု လက်ခံပေးနိုင်ဖို့နဲ့ မြန်မာနိုင်ငံ အတွင်း စိန်ခေါ်မှုပေါင်းစုံနဲ့ ရင်ဆိုင်ကြုံတွေ့နေရချိန် လိုအပ်တဲ့ အကူအညီတွေ ပေးအပ်သွားနိုင်ဖို့ ရည်ရွယ်ပါတယ်။ အဆိုပါ သတ္တိရှင် မိခင်များကို ထောက်ပံ့ကူညီခြင်းအားဖြင့် ၎င်းတို့ရဲ့ လက်ငင်း လိုအပ်ချက်များကို ဖြေရှင်းပေးနိုင်ရုံသာမက လက်ရှိ အကြပ်အတည်းကာလအတွင်း အချင်းချင်း ဖေးမကူညီသွားနိုင်ဖို့နဲ့ သွေးစည်းညီညွတ်မှုပြသရန် အရေးကြီးပုံကို ဒီရန်ပုံငွေ ပေးအပ်ရေး အစီအစဉ်ကနေ မီးမောင်းထိုးပြလိုခြင်း ဖြစ်ပါတယ်။

ဘာကြောင့်လျှောက်ထားသင့်သလဲ
အောက်ပါ ကိစ္စရပ်များအပြင် အခြေခံလိုအပ်ချက်အတော်များများကို ခြုံငုံမိစေပါတယ်။
● မီးဖွားခြင်းနဲ့ မွေးကင်းစကလေး စောင့်ရှောက်ရေး။ မီးဖွားစဉ်နဲ့ မီးဖွားပြီးနောက်ပိုင်း မိခင်များကို ထောက်ပံ့ကူညီပေးပါတယ်။
● အိမ်နဲ့ နေ့ကလေးထိန်း အထောက်အပံ့။ ကလေးပြုစုနေရသူတွေအနေနဲ့ ကလေးအတွက် လိုအပ်တဲ့ ပြုစုစောင့်ရှောက်မှု ရရှိစေရေး။
● ကလေးသူငယ်နဲ့ အရေးပေါ် ဆေးကုသရေး လိုအပ်ချက်များ။ အရေးပေါ် ကျန်းမာရေး ကိစ္စရပ်များ ပေါ်ပေါက်လာရင် လက်လှမ်းမီစေရေး။
● ကျောင်းစရိတ်နဲ့ အထောက်အပံ့များ။ ပညာရေးစရိတ်စကတွေအတွက် ငွေကြေးအထောက်အပံ့။
● တကိုယ်ရေသန့်ရှင်းမှုဆိုင်ရာ လိုအပ်သော ပစ္စည်းများ။ နို့၊ သေးခံနဲ့ တခြား အရေးကြီး ပစ္စည်းများ။
● ယာယီပြုစုစောင့်ရှောက်မှု။ နေရာအပြောင်းအလဲ၊ ပုန်းအောင်းနေချိန်၊ သင်တန်းတက်နေချိန် အတွင်း ပံ့ပိုးကူညီမှုပေးတာဖြစ်ပြီး၊ မိခင်အနေနဲ့ မရေရာတဲ့ အချိန်ကာလအတွင်းမှာတောင် ကိုယ့်ကလေးကိုယ် ပြုစုဖို့ လိုအပ်တဲ့ အရင်းမြစ်တွေ ရရှိနေစေရေး။
ဘယ်သူတွေ လျှောက်သင့်သလဲ
မိခင်ဖြစ်တဲ့ အမျိုးသမီး လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေ။ အထူးသဖြင့် တကိုယ်တော် မိခင်များ၊ လူနည်းစုဝင်အမျိုးသမီးများ၊ မသန်စွမ်းဘဝနဲ့ ကလေးပြုစုစောင့်ရှောက်နေရသူများကို ဦးစားပေးမှာ ဖြစ်ပြီး၊ ထိခိုက်ခံစားရနိုင်ခြေ အမြင့်မားဆုံးသူတွေ အတွက် အသည်းအသန် လိုအပ်နေတဲ့ အကူအညီတွေ ရရှိအောင် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
အဓိကအကြောင်းအရာများ
● ဖီးမနစ်ပြုစုစောင့်ရှောက်ရေး ကျင့်ဝတ်များ
● ယုံကြည်မှု အခြေခံပြီး ရိုးစင်းတဲ့ လုပ်ငန်းစဉ်များ
● ကိုယ်ရေးလျှို့ဝှက်မှုနဲ့ ဘေးကင်းလုံခြုံမှုရှိ
လျှောက်ထားခွင့်ရှိသူ
မိခင်ဖြစ်တဲ့ အမျိုးသမီး လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေ။ အထူးသဖြင့် တကိုယ်တော် မိခင်များ၊ လူနည်းစုဝင်အမျိုးသမီးများ၊ မသန်စွမ်းဘဝနဲ့ ကလေးပြုစုစောင့်ရှောက်နေရသူများကို ဦးစားပေးမှာ ဖြစ်ပြီး၊ ထိခိုက်ခံစားရနိုင်ခြေ အမြင့်မားဆုံးသူတွေ အတွက် အသည်းအသန် လိုအပ်နေတဲ့ အကူအညီတွေ ရရှိအောင် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
လိုအပ်သော စာရွက်စာတမ်းများ
ဘယ်လိုလျှောက်ထားနိုင်သလဲ
● လျှောက်လွှာဖောင်ပုံစံရယူပါ။ ဖီးမနစ်ကွန်ယက်ဝင် မိတ်ဖက်အဖွဲ့များဆီက တောင်းခံနိုင်သလို၊ လုံခြုံတဲ့ Signal သို့မဟုတ် Email ကနေလည်း တောင်းခံနိုင်ပါတယ်။
● သင့်လိုအပ်ချက်ကိုရေးသားပေးပို့ပါ။ သင့်လက်ရှိအခြေအနေနဲ့ ပတ်သက်လို့ စာနဲ့ သို့မဟုတ် အသံမှတ်တမ်းနဲ့ ပေးပို့ပါ။
● ထောက်ခံချက်။ ကွန်ယက်မိတ်ဖက်အဖွဲ့ဝင်ထံကနေ ထောက်ခံစာအကျဉ်းချုပ် တောင်းခံပါ။
● လုံခြုံစွာပေးပို့ပါ။ လျှောက်လွှာများကို သတ်မှတ်ထားတဲ့ ချန်နယ်တွေကနေ ပေးပို့ရပါမယ်။
● အရေးပေါ်အခြေအနေမျိုးရင်ဆိုင်နေရသူတွေအနေနဲ့ အရေးပေါ် တောင်းဆိုမှုတွေကို မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးမှာဖြစ်ပြီး ပုံမှန်အားဖြင့် ၂–၃ ရက် လောက်ပဲ ကြာတတ်ပါတယ်။ သတိပြုရမယ့် အချက်ကတော့ လျှောက်ထားသူအနေနဲ့ ဘာလက်ခံပြေစာမှ ပြန်တင်ပြစရာမလိုပါဘူး။ ထောက်ပံ့မှု လက်ခံရရှိပြီး နှစ်လလောက်အကြာမှာ နောက်ဆက်တွဲ သတင်းစကားမေးမြန်းတာမျိုးလောက်ပဲ ရှိတတ်ပါတယ်။
လျှောက်လွှာနောက်ဆုံးထားတင်သွင်းရမည့်ရက်
လက်ရှိဆောင်ရွက်ဆဲ
အခြားအချက်အလက်များ
ဒီထောက်ပံ့ကြေးက ဘာတွေ ပံ့ပိုးပေးနိုင်သလဲ?
အောက်ပါ ကိစ္စရပ်များအပြင် အခြေခံလိုအပ်ချက်အတော်များများကို ခြုံငုံမိစေပါတယ်။
● မီးဖွားခြင်းနဲ့ မွေးကင်းစကလေး စောင့်ရှောက်ရေး။ မီးဖွားစဉ်နဲ့ မီးဖွားပြီးနောက်ပိုင်း မိခင်များကို ထောက်ပံ့ကူညီပေးပါတယ်။
● အိမ်နဲ့ နေ့ကလေးထိန်း အထောက်အပံ့။ ကလေးပြုစုနေရသူတွေအနေနဲ့ ကလေးအတွက် လိုအပ်တဲ့ ပြုစုစောင့်ရှောက်မှု ရရှိစေရေး။
● ကလေးသူငယ်နဲ့ အရေးပေါ် ဆေးကုသရေး လိုအပ်ချက်များ။ အရေးပေါ် ကျန်းမာရေး ကိစ္စရပ်များ ပေါ်ပေါက်လာရင် လက်လှမ်းမီစေရေး။
● ကျောင်းစရိတ်နဲ့ အထောက်အပံ့များ။ ပညာရေးစရိတ်စကတွေအတွက် ငွေကြေးအထောက်အပံ့။
● တကိုယ်ရေသန့်ရှင်းမှုဆိုင်ရာ လိုအပ်သော ပစ္စည်းများ။ နို့၊ သေးခံနဲ့ တခြား အရေးကြီး ပစ္စည်းများ။
● ယာယီပြုစုစောင့်ရှောက်မှု။ နေရာအပြောင်းအလဲ၊ ပုန်းအောင်းနေချိန်၊ သင်တန်းတက်နေချိန် အတွင်း ပံ့ပိုးကူညီမှုပေးတာဖြစ်ပြီး၊ မိခင်အနေနဲ့ မရေရာတဲ့ အချိန်ကာလအတွင်းမှာတောင် ကိုယ့်ကလေးကိုယ် ပြုစုဖို့ လိုအပ်တဲ့ အရင်းမြစ်တွေ ရရှိနေစေရေး။
➔ တကိုယ်တော် မိခင်များ၊ လူနည်းစုဝင်အမျိုးသမီးများ၊ မသန်စွမ်းဘဝနဲ့ ကလေးပြုစုစောင့်ရှောက်နေရသူများကို ဦးစားပေးမှာ ဖြစ်ပြီး၊ ထိခိုက်ခံစားရနိုင်ခြေ အမြင့်မားဆုံးသူတွေ အတွက် အသည်းအသန် လိုအပ်နေတဲ့ အကူအညီတွေ ရရှိအောင် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
"ဘယ်လိုလျှောက်ထားနိုင်သလဲ
● လျှောက်လွှာဖောင်ပုံစံရယူပါ။ ဖီးမနစ်ကွန်ယက်ဝင် မိတ်ဖက်အဖွဲ့များဆီက တောင်းခံနိုင်သလို၊ လုံခြုံတဲ့ Signal သို့မဟုတ် Email ကနေလည်း တောင်းခံနိုင်ပါတယ်။
● သင့်လိုအပ်ချက်ကိုရေးသားပေးပို့ပါ။ သင့်လက်ရှိအခြေအနေနဲ့ ပတ်သက်လို့ စာနဲ့ သို့မဟုတ် အသံမှတ်တမ်းနဲ့ ပေးပို့ပါ။
● ထောက်ခံချက်။ ကွန်ယက်မိတ်ဖက်အဖွဲ့ဝင်ထံကနေ ထောက်ခံစာအကျဉ်းချုပ် တောင်းခံပါ။
● လုံခြုံစွာပေးပို့ပါ။ လျှောက်လွှာများကို သတ်မှတ်ထားတဲ့ ချန်နယ်တွေကနေ ပေးပို့ရပါမယ်။
● အရေးပေါ်အခြေအနေမျိုးရင်ဆိုင်နေရသူတွေအနေနဲ့ အရေးပေါ် တောင်းဆိုမှုတွေကို မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးမှာဖြစ်ပြီး ပုံမှန်အားဖြင့် ၂–၃ ရက် လောက်ပဲ ကြာတတ်ပါတယ်။ သတိပြုရမယ့် အချက်ကတော့ လျှောက်ထားသူအနေနဲ့ ဘာလက်ခံပြေစာမှ ပြန်တင်ပြစရာမလိုပါဘူး။ ထောက်ပံ့မှု လက်ခံရရှိပြီး နှစ်လလောက်အကြာမှာ နောက်ဆက်တွဲ သတင်းစကားမေးမြန်းတာမျိုးလောက်ပဲ ရှိတတ်ပါတယ်။"
