ဖီးမနစ်ဇာတ်လမ်းတင်ဆက်ခြင်းဆိုင်ရာ ထောက်ပံ့ကြေး
ဒီထောက်ပံ့ကြေးဟာ အမျိုးသမီးများနဲ့ လိင်စိတ်ခံယူမှုကွဲပြားသူများ အပါအဝင် ဇာတ်လမ်း တင်ဆက်ခြင်း နည်းနာကို ခုခံတွန်းလှန်ရေး၊ တန်းတူညီမျှရေးနဲ့ အခြေခံကျတဲ့ အပြောင်းအလဲတွေ ဖြစ်လာစေရေးအတွက် လက်နက်ကိရိယာတစ ်ခုအနေနဲ့ အသုံးပြုနေတဲ့ ပုဂ္ဂိုလ်များကို ပံ့ပိုးကူညီပေးဖို့ ရည်ရွယ်ထားပါတယ်။

ဘာကြောင့်လျှောက်ထားသင့်သလဲ
ဖီးမနစ်ဇာတ်လမ်းတင်ဆက်ခြင်းဆိုင်ရာ ထောက်ပံ့ကြေး
များစွာသော လူ့အသိုင်းအဝိုင်းများမှာ အမျိုးသမီးများနဲ့ လိင်စိတ်ခံယူမှုကွဲပြားသူ အစုအဖွဲ့များတို့ရဲ့ အသံတွေဟာ လျစ်လျှူရှုခံရတတ်သလို၊ အခြားသူတွေ ပြောသလောက်ကိုသာ နားထောင်ရတာမျိုး ကြုံရလေ့ရှိပါတယ်။ ဒီထောက်ပံ့ကြေးဟာ အဆိုပါ ပုဂ္ဂိုလ်များအတွက် ကိုယ့်ကိုယ်ပိုင် အသံနဲ့ ကိုယ့်အကြောင်းကို၊ ကိုယ့်ဘဝဖြတ်သန်းမှုတွေကို ကိုယ့်စိတ်ကြိုက်ပြောခွင့်ရဖို့ ရပ်ဝန်းတစ်ခု ဖန်တီးပေးလိုတာပဲ ဖြစ်ပါတယ်။
ရွေးချယ်ခံရသူအတွက် ဖြည့်ဆည်းပေးသွားမယ့် ပံ့ပိုးမှုတွေ
• အနီးကပ်သင်ကြားပေးမှု - ကျွမ်းကျင်ပုဂ္ဂိုလ်ရဲ့ လမ်းညွှန်ပြသမှုနဲ့ ပံ့ပိုးကူညီမှု
• စိတ်လူမှုအကူအညီ - စိတ်ကျန်းမာရေးနဲ့ စိတ်ခံစားမှုသက်သာစေမယ့် အရင်းမြစ်များ
• ကျွမ်းကျင်မှုတိုးတက်ရေး - နည်းပညာပိုင်းနဲ့ တီထွင်ဖန်တီးမှု ကျွမ်းကျင်မှု တိုးတက်စေမယ့် အခွင့်အလမ်းများ
အသိုင်းအဝိုင်းတည်ဆောက်ခြင်း - ကွန်ယက်ချိတ်ဆက်မှုနဲ့ စုပေါင်းဖွံ့ဖြိုးမှု အခွင့်အလမ်းများ
• အများပြည်သူထံခင်းကျင်းပြသနိုင်မယ့် အခွင့်အလမ်း - အောင်မြင်စွာလက်စသတ်နိုင်တဲ့ ဖန်တီးမှုတွေကို ပြသနိုင်မယ့် လမ်းကြောင်းများ
ဘယ်သူတွေ လျှောက်သင့်သလဲ
ရုပ်ရှင်ဖန်တီးသူများ၊ စာရေးဆရာများ၊ အနုပညာရှင်များ၊ ဓါတ်ပုံဆရာများ၊ သတင်းထောက်များနဲ့ မီဒီယာလမ်းကြောင်းသစ် ဖန်တီးသူများဆီက လျှောက်လွှာများကို ကြိုဆိုလျက်ရှိပါတယ်။
အဓိကအကြောင်းအရာများ
ဖီးမနစ်ဝါဒ၊ လိင်တန်းတူညီမျှရေး၊ လူ့အခွင့်အရေး၊ အပစ်ပယ်ခံအသံများ၊ ဇာတ်လမ်းတင်ဆက်မှုများ
လျှောက်ထားခွင့်ရှိသူ
ရုပ်ရှင်ဖန်တီးသူများ၊ စာရေးဆရာများ၊ အနုပညာရှင်များ၊ ဓါတ်ပုံဆရာများ၊ သတင်းထောက်များနဲ့ မီဒီယာ လမ်းကြောင်းသစ် ဖန်တီးသူများ။ လျှောက်ထားသူဘက်မှ လိုအပ်သည်များ -
• ဖီးမနစ်စံတန်ဖိုးများနဲ့ လူ့အခွင့်အရေးတို့ကို နှစ်နှစ်ကာကာ ယုံကြည်ခြင်း။
• အပစ်ပယ်ခံ အစုအဖွဲ့များရဲ့ အသံတွေနဲ့ ဘဝအတွေ့အကြုံတွေကို ဖန်တီးမှုနဲ့ တင်ဆက်နိုင်စွမ်း
• ရပ်ရွာဦးစားပေးမှုရှိပြီး တာဝန်ခံမှုရှိတဲ့ ဇာတ်လမ်းတင်ဆက်မှုအပေါ် သစ္စာရှိခြင်း။
လိုအပ်သော စာရွက်စာတမ်းများ
လျှောက်လွှာများတင်သွင်းရာတွင် ယုံကြည်စိတ်ချရသော အဖွဲ့အစည်း၊ ဖီးမနစ်ကွန်ယက်မိတ်ဖက်အဖွဲ့၊ သတင်းထောက်အဖွဲ့အစည်း၊ အမျိုးသမီးအခွင့်အရေး ကာကွယ်စောင့်ရှောက်သူ (WHRD) အဖွဲ့များ၏ ထောက်ခံချက်ကိုပါ တွဲ၍ တင်ပြရမည်။
သတ်မှတ်ကြားခံပစ္စည်းများ
• အမြင်အသားပေး ဇာတ်လမ်းတင်ဆက်ခြင်း - ဓါတ်ပုံ၊ ရုပ်ရှင်၊ အန်နီမေးရှင်း
• ဂရပ်ဖစ်နှင့် သတင်းအချက်အလက် ဒီဇိုင်း - ဂရပ်ဖစ် ဇာတ်လမ်းသွားနှင့် အင်ဖိုဂရပ်ဖစ်များ
• စာပေဖန်တီးမှု - အက်ဆေး၊ ကဗျာ၊ စိတ်ကူးယဉ် / ဖန်တီးရေးသားမှု
• အသံဇာတ်လမ်း - ပေါ့ကက်စ်၊ ရေဒီယို ဇာတ်လမ်း
• ပါဖောမင့် အနုပညာ - ပြဇာတ်၊ အက
• ဒစ်ဂျစ်တယ် ဇာတ်လမ်းတင်ဆက်ခြင်း - အပြန်အလှန် ပုံစံအရှင် သို့မဟုတ် ဒစ်ဂျစ်တယ် ဦးစားပေး ဇာတ်လမ်းများ
• ရောစပ်မီဒီယာ - အနုပညာကြားခံပေါင်းစုံပေါင်းစပ်သည့်ပုံစံများ
လျှောက်လွှာနောက်ဆုံးထားတင်သွင်းရမည့်ရက်
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်
အခြားအချက်အလက်များ
ထောက်ပံ့ကြေးကာလနဲ့ ရန်ပုံငွေပေးအပ်ခြင်း
●သတ်မှတ်ကာလ - ၂၀၂၆ ခုနှစ် မေလမှ အောက်တိုဘာလအတွင်း လုပ်ငန်းဆောင်ရွက်မှု လက်စသတ်နိုင်မှာ ဖြစ်ပါတယ် (အတည်ပြုချိန်ကစလို့ စတင်ဆောင်ရွက်နိုင်)
● ရန်ပုံငွေချပေးသည့်ပုံစံ
○ လျှောက်လွှာရွေးချယ်ခံရတာနဲ့ ရန်ပုံငွေ ၅၀% ကို လွှဲအပ်မှာ ဖြစ်ပါတယ်။
○ ကျန် ၅၀% ကိုတော့ လုပ်ငန်းအောင်မြင်စွာ ပြီးမြောက်တဲ့အခါမှသာ ပေးအပ်သွားမှာ ဖြစ်ပါတယ်။
● လုပ်ငန်းတိုးတက်မှု အစီရင်ခံခြင်း - ထောက်ပံ့ကြေးရရှိသူအနေနဲ့ လစဉ် တိုးတက်မှုဆိုင်ရာ ပုံမှန် သတင်းပေးပို့မှုနဲ့ အဆုံးသတ် ထောက်ပံ့ကြေးအစီရင်ခံစာတို့ကို hello@exile-hub.org ကို ပေးပို့ရမှာ ဖြစ်ပါတယ်။
